Pages

Wednesday, November 24, 2010

Facebook PhotoZoom 1.7

Facebook သုံးတဲ့ သူတွေအတွက် add-on ကောင်းလေးတစ်ခုပါ.. Wall မှာတင်ထားတဲ့ Thumbnail ပုံလေးတွေကို mouse pointer လေးတင်ပေးလိုက်ရုံနဲ့ actual size အနေနဲ့ ပြပေးမှာပါ.. Album ထဲတကူးတက သွားပြီး ကြည့်စရာ မလိုတော့ဘူးပေါ့.. အားလုံးပဲ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်..။

A magnifier for facebook thumbnails (either profile pictures or album photos). When the mouse is over a thumbnail, a tooltip will appear with the bigger image in it.


Facebook PhotoZoom 1.7

Internet Speed ကို ၂၀ % လောက်ပို မြန်ကြည့်ရအောင်

Microsoft က windows update လုပ်ဖို့နဲ့ အစရှိတဲ့ ထောက်ပံ့မှုတွေ လုပ်ဖို့အတွက် စက်ရဲ့ ကွန်နက်ရှင်ကို ၂၀ % သီးသန့် ဖယ်ထားတယ်လို့ ဆိုပါတယ်..။ ဒီတော့ အဲဒီ့ ၂၀ % ကိုကိုယ်သုံးတဲ့ အထဲထည့်သုံးရအောင်ဗျာ.. ကြာပါတယ်ဗျာ.. ဒီလိုစလုပ်မယ်.. ပထမဆုံး Run box ထဲမှာ gpedit.msc လို့ရိုက်ထည့်ပြီး Local Computer Policy ထဲဝင်လိုက်ပါ.. ပြီးရင် Computer Configuration \ Administrative Templates \ Network \ QOS packet scheduler \ Limit reservable bandwidth ဆီကို အဆင့်ဆင့် သွားပါ..


ရောက်ရင် Limit reservable bandwidth ကို Double Click နှိပ်ပြီး Enabled လုပ်ပေးလိုက်ပါ.. Bandwidth Limit (%) နေရာမှာ 20 ကိုဖျက်ပြီး 0 ကိုထည့်လိုက်ပါ..။ ပြီးရင် Restart ချလိုက်ပါ..။


ဒါဆိုရပါပြီ.. ကျေးဇူးတင်ပါတယ်..။

Fb အကောင့်ရဲ့ info တွေကို ဒေါင်းရအောင်

Facebook က ကိုယ့်ရဲ့ information တွေအကုန်လုံးကို Download ဆွဲရအောင်ဗျာ.. Information လို့ဆိုထားသည်မှာ info, including wall posts, photos, videos, friend lists, events you’ve joined, etc အားလုံးပါပါတယ်.. အောက်မှာ ကျနော်တတ်နိုင်သလောက် ပုံတွေနဲ့ ပြထားပါတယ်.. လိုအပ်ရင် စမ်းကြည့်လိုက်ပေါ့.. [..]

- ပထမဆုံး Facebook ရဲ့ account setting ထဲကိုသွားလိုက်ပါ.. Download Your Information ရဲ့ learn more ကိုနှိပ်လိုက်ပါ..


- Download Your Information ရဲ့ Page အရောက်မှာ Download ဆိုတာကိုနှိပ်ပါ..


- Request My Download ဆိုတဲ့ message box မှာ Download ကိုထပ်နှိပ်ပါ..


- နောက်တစ်ဆင့်မှာ OK နှိပ်ပါ..


- ဒါဆို Facebook ကဒေါင်းဖို့အတွက် ပြင်ဆင်နေပါပြီ.. အဆင်သင့်ဖြစ်ရင် ကိုယ် register လုပ်ထားတဲ့ မေးလ်အကောင့်ထဲကို စာပို့ပေးပါလိမ့်မယ်.. မေးလ်ကိုစောင့်နေရုံပါ..


- Your Download is Ready ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်စောင်ဝင်လာပါပြီ.. ဒါဆို သူပေးတဲ့ လင့်ကိုနှိပ်ပြီး.. ဒေါင်းလုပ်လုပ်ဖို့ ပြင်ဆင်လိုက်ပါ..


- Verify Password မှာ Facebook အကောင့်ရဲ့ Password ကိုရိုက်ထည့်ပြီး Continue လိုက်ပါ..


- ပြီးရင် Download Now ကိုဆက်နှိပ်ပါ..


- ဒါဆို Download လုပ်သွားပါလိမ့်မယ်.. ပြီးရင် Zip ဖြည်ပြီး ကြည့်ရုံပေါ့..။ ကျေးဇူးတင်ပါတယ်.. စမ်းကြည့်ပါ..။

Sunday, November 21, 2010

How to Upload Photos in Picasa

သိပြီးသား ညီအစ်ကိုမောင်နှမများအတွက် ဘာမှ မဟုတ်ပေမဲ့ ..မသိသေးသူများအတွက် ရည်ရွယ်တင်ပေးလိုက်ပါတယ်…ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာမှာ ရှိတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ဓာတ်ပုံပို့ရတာတော်တော် စိတ်ပျက်စရာကောင်းလောက်အောင် ဖြစ်တတ်လို့ပါ…..အရင်ဆုံး ပီကာဆာ ကို ဖွင့်…ပြီးရင် ဒီမှာ အနီလေးတွေနဲ့ ၀ိုင်းပြပေးထားတဲ့ အတိုင်း လုပ်ရင် အဆင်ပြေပါပြီ…

file ကနေ add folder to picasa ဆိုတာကို ကလစ်..


ကိုယ့်ကွန်ပျူတာ ဒရိုက်ထဲမှာ ရှိတဲ့ ဓာတ်ပုံထည့်ထားတဲ့ဖိုဒါထဲက တစ်ခုကို ရွေးပြီး scan ဖတ်ပေးလိုက်..(ဖိုဒါနာမည်ကို အင်္ဂလိပ်လို ပေးတာ ကောင်းပါတယ်.)

စကမ်ဖတ်ပြီးရင် ညာဖက်နားမှာ ခုန ဖိုဒါလေး ပေါ်လာတယ်..အဲ့ဖိုဒါပေါ်ကို right click ထောက်ပြီး upload to web Albums ဆိုတာကို ကလစ်ပေး…

အဲ့ဒီမှာ အပ်လုပ်တင်နေတာလေးကို မြင်ရလိမ့်မယ်…


ဖိုဒါတစ်ခုကို ကိုယ်က အပ်လုပ်တင်ပြီးပြီလား မတင်ရသေးဘူးလား ဆိုတာကို ဒါမျိုး အမှတ်အသားလေးကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်…

နောက်ဆုံး ပြီးသွားရင် upload complete ဖြစ်တယ်ဆိုတာကို ပြတယ်…အဲ့ဒီကိုယ်တင်လိုက်တဲ့ဖိုဒါမှာ ဓာတ်ပုံအရေအတွက် ဘယ်လောက်ပါတယ်ဆိုတာကိုပါ ပြထားတယ်….
အားလုံးပဲ အဆင်ပြေပါစေ…

ဓာတ်ပုံပေါ်မှာ စာရေးလိုသော်

သိတဲ့သူတွေလည်း သိကြမှာပါ မသိသေးတဲ့ပုံပေါ်မှာ စာရေးလိုသောသူများ အတွက်ပါ။ ဖိုတိုရှော့ မရသူများ အလွယ်တကူ သုံးနိုင်ပါသည်။

နမူနာ ကြည့်ချင်ရင် ......

http://img.nadapenny.com/t20/10288/nadap093343606790231.jpg

saininjune

အပေါ်လင့်က မိမိ ကွန်မန့်ဘောက်စ်ထဲမှာ ထည့်ထားတဲ့ပုံ ပါ။အောက်လင့်က theme ရဲ့
ထိပ်မှာ ထည့်ထားတဲ့ပုံ ပါ။တစ်နေ့ ကျောင်းက အင်တာနက် မဖွင့်လို့ ကွန်ပျူတာထဲ ရှိတာကို လိုက်ပြီး ကလိကြည့်တော့
အခုဟာလေးကို သွားတွေ့မိတာပါ။ မိမိလည်း ဒီနည်းလေးနဲ့ မိမိမာတီကို
နိုင်သလောက် ရမ်းလုပ်နေတာပါပဲ။

အမှားပါရင် ပြင်ပေးကြပါ။ ပြောတတ်သလို ပြောပြပါမယ်နော်။

၁။ ကွန်ပျူတာထဲမှာ ရှိသော ဓာတ်ပုံပေါ် မောက်စ် တင်ပြီး မောက်စ်ရဲ့

ညာဘက်ခလုတ်ကို နှိပ်ပါ။


၂။ ပေါ်လာသည်ထဲမှ Edit ကို နှိပ်ပါ။ ဖိုင်တစ်ခု ပွင့်လာပါမယ်။ အထဲမှာ
မိမိ နှိပ်လိုက်သော
ပုံကို တွေ့ပါမယ်။ ကွန်ပျူတာရဲ့ဘယ်ဘက်အခြမ်းမှာ စာရေးဖို့ စသည်အတွက်
ကွန်မာဗူး တွေ့ပါမယ်။ မတွေ့ရင် ကီးဘတ်မ
ှ

ctrlနှင့် t ကို တွဲ နှိပ်ပါ။

၃။ ကွန်မာဗူးထဲက A ကို နှိပ်ပါ။

ကွန်မာဗူးရဲ့ အောက်မှာ အကွက်နှစ်ခု
ပေါ်လာပါမယ်။ ပုံအပေါ်မှာ
စာရေးရန် အောက်ဆုံးက အကွက်ကို နှိပ်ပါ။

၎။ ပုံပေါ်မှာ မိမိ

စာရေးလိုသော နေရာ၌ မောက်စ်နဲ့ ဖိဆွဲလိုက်ပါ။ အကွက်လေး ပေါ်လာပါမယ်။
ဒီလို မောက်စ်နဲ့ နှစ်သက်သည့်နေရာမှာ အကွက်ဖေါ်တာက စာလုံးတွေကို ကာလာ
ပြောင်းလို့ ရတယ်။ အကြီးအသေး ပြောင်းလို့ ရတယ်။ တစ်ကွက်တည်းမှာပဲတော့
ပြောင်းလို့ မရပါဘူး။ ပြောင်းချင်ရင် နောက်တစ်ကွက် ထပ်ဖေါ်ပါ။ ဆိုလိုတာက စာ
တစ်ကြောင့်းနဲ့ တစ်ကြောင်း ကာလာမတူ၊ အမျိုးအစား မတူအောင် လုပ်တာပါ။
အကွက်ကိုတော့ နှစ်သက်သလို အကြီးအသေးလုပ်ပါ။ အဲ့ဒီအကွက်ထဲကို မောက်စ်နဲ့
နှိပ်ပါ။ စာတွေ စတင် ရေးလို့ရပါပြီ။

ပုံရဲ့တစ်ပြင်လုံးမှာ စာတွေကို အရွယ်တူ ကာလာတူရေးချင်ရင်တော့ မောက်စ်နဲ့ နှိပ်ပြီး
ပုံရဲ့ ဒေါင့် တစ်ခုကနေပြီး ပုံအပြည့် ဆွဲလိုက်ပါ။

စာလုံးအမျိုးအစားရွေးချင်ရင်တော့ စာရေးမည့်အကွက်ထဲကို
မောက်စ်တင်ပြီး မောက်စ်ရဲ့ညာဘက်ကခလုပ်ကို
နှိပ်ပါ။ ကွန်ပျူတာရဲ့ ထိပ်မှာ အတန်းတစ်ခု ပေါ်လာပါမယ်။
အဲ့ဒီအထဲမှ
Text
Toolbar
ကို
နှိပ်ပါ။ စာလုံးအရွယ်အစား၊ အထူအပါး၊ စာလုံးစောင်းတို့ကိုလည်း ရွေးလို့
ရပါတယ်။

ကာလာရွေးချင်ရင်တော့ ကီးဘုတ်မှာ Ctrl နှင့် L
ကို တွဲ နှိပ်လိုက်ပါ.။
အောက်ဆုံးမှာ ကာလာဘောက်စ် ပေါ်လာပါမယ်။ နှစ်သက်သော အရောင်အပေါ် မောက်စ်နဲ့
နှိပ်လိုက်ပါ။

ပုံကို ကျဉ်းလို ကျယ်လိုရင်တော့ကီဘုတ်မှ Ctrl
နှင့် W
ကို
တွဲနှိပ်ပါ။ ပေါ်လာတဲ့ ဘောက်စ်အသေးလေးထဲမှာ ပုံရဲ့
အကြီးအသေးကို ဂဏန်း အတိုး အလျှော့ လုပ်ပြီး ရွေးပါ ။ ရွေးပြီး
Ko ကို
နှိပ်ပါ။

ပုံကိုလည်း စိတ်ကြိုက်ပြင်၊ စာတွေလည်း
စိတ်ကြိုက်ရေးပြီးသွားရင်တော့ ကွန်ပျူတာရဲ့ ဘယ်ဘက်ဒေါင့်ထိပ်ဆုံးမှာ

file ကို နှိပ်ပါ။ ပေါ်လာသည်အထဲမှ save As.. ကို နှိပ်ပြီး ပုံကို သိမ်းလိုက်ပါ။

အခြားဆိုဒ်တစ်ခုခုမှာ upload တင်ပြီး ကုဒ်ကို ရယူပါ။ ဒီနည်းလေး ရရင်တော့ theme ရဲ့ ထိပ်က

ပုံတွေကိုလည်း စိတ်ကြိုက်ပြင်လို့ ရပါပြီ။

Sunday, November 14, 2010

Gmail ကို fire fox bowser ကနေမေးလ်နှစ်ခုဖွင့်တာပါ။

Gmail ကို fire fox bowser ကနေ မေးလ်နှစ်ခုဘယ်လို ဖွင့်လည်းပေါ့။ဆိုလိုတာက fire fox သုံးနေရင်း g mail or google mail ကို user id number and password နှစ်ခုဖွင့်တာပါ။ပုံမှန်ဆို browser သုံးနေ၇င်းနဲ့ မေးလ်ဖွင့်မယ်ဆိုလျှင် g talk username and password တစ်ခုသာ လက်ခံပါတယ်။ဒါလောက်ဆိုသဘောပေါက်လောက်ပါတယ်။အလွယ်ဆုံး browser tool add on နဲ့ ရေးပေးပါ့မယ်။လိုက်လုပ်ကြည့်ပါ အဆင်ပြေမှာပါ။အ၇င်ဆုံးပေးထားသော အောက်ကလင့်ကိုသွားပြီး

https://addons.mozilla.org/en-US/firefox/addon/10909/
https://addons.mozilla.org/en-US/firefox/addon/1419/

IE Tab Plus (FF 3.6+) 1.95.20100930 နဲ့ IE Tab 1.5.20090525 နဲ့အပေါ်က ကြိုက်တဲ့ လင့်တစ်ခုကနေ fire fox add on တစ်ခု ကြိုက်နှစ်သက်သော add on တစ်ခုကို installation ပေးလိုက်ပါ။ပြီးလျှင် fire fox bowser ကို restart ပေးလိုက်ပါ။

ပြီးလျှင် reload current page ကနေ r click ပေးပြီး Customize ကနေ ကျွှန်တော် မြှားပြထားသော Navigation Toolbar ကို Mozilla fire fox tool bar ပေါ်သို့ဆွဲတင်ပါ။

ဒုတိယမေးလ်ကို ပုံမှန်တိုင်းပဲဝင်ပါ။ပြီးမှ ပြထားသော Negivation tool icon ကိုနှိပ်လိုက်ပါ။ဒါဆို google accont နှစ်ခု sign in ဝင်သွားပြီး g mail နှစ်ခု သုံးလို့၇သွားမှာ ဖြစ်ပါတယ်။ထို tool icon ကိုနှိပ်လိုက်လျှင် အရင် ie negivation tool icon ကနေ Mozilla negivation icon သို့ပြောင်းသွားမည် ဖြစ်ပါတယ်။ကိုယ် တိုင်လုပ်ကြည့်တာ အဆင်ပြေပါလိမ့်မယ်။အဆင်ပြေပါစေ။