ချစ်တယ်လို့
ပြောခွင့်မရှိတဲ့ နှုတ်ခမ်း...
လွမ်းတယ်လို့
ပြခွင့်မရှိတဲ့ မျက်ဝန်း...
ဆန္ဒတွေကို
အကောင်အထည်ဖော်ခွင့်မရှိတဲ့ ဘ၀....
စိတ်ရဲ့စေရာ
ဆန္ဒတွေရဲ့နောက်
ကောက်ကောက်ပါအောင် လိုက်ချင်ပေမယ့်
ငါလေ ရူးမတတ်ပါဘဲ
ဒါပေမဲ့လေ..
အချစ်ဆိုတာ
အချစ်စစ် အချစ်မှန် နဲ့အတူ
ရင်မှာ တိတ်တိတ်ကလေး
ချစ်နေတာလဲ
အချစ်ပါဘဲနော်.....
ခံစားမှုတွေများလာတော့
ဖြေသိမ့်တတ်လာခဲ့ပါပြီ
အဓိက ကတော့
ကိုယ်ကချစ်နေဖို့
သူကသိနေဖို့
ဒါဆိုဘာလိုသေးလို့လဲနော်.......
z.z.t
No comments:
Post a Comment