သင်၏ Facebook Account ကို အခြားသူများ (သို့မဟုတ်) အခြား Device များမှအသုံးပြုပါက Notification Email ပို့စေလိုလျှင်
Facebook Account တစ်ခုကို သုံးနေကျ ကွန်ပျူတာ (device) မှလွဲပြီး၊ အခြားနေရာ၊ အခြား Device (ဥပမာ- mobile, အခြား PC) များမှ အသုံးပြုလျှင် မူရင်း Account ပိုင်ရှင်ထံသို့ Notification Email ပို့ပေးနိုင်ရန် ပြုလုပ်ထားနိုင်ပါတယ်။ ပထမဆုံး Facebook Account တွင် Login လုပ်ပါ။ ထို့နောက် Facebook Window ၏ညာဘက်၊ အပေါ်ဆုံးထောင့်ရှိ Account Menu မှ Down arrow ကိုနှိပ်၍ Account Settings သို့သွားပါ။ ပြီးလျှင် Settings sub menu ၏အောက်ရှိ Account Security ကိုသွား၍ Change ကိုနှိပ်ပါ။ "Would you like to receive notifications for logins from new devices? " ဟူသောနေရာတွင် Yes ကိုရွေး၍ Submit button ကိုနှိပ်ပါ။
အထက်ပါအဆင့်များပြီးလျှင် သင်၏ Facebook Account ကို Logout လုပ်ပြီး Login ပြန်လုပ်ပါ။ အောက်တွင်ပြထားသကဲ့သို့ သင်လက်ရှိအသုံးပြုနေသည့် ကွန်ပျူတာကို သင်၏ Account နှင့် တွဲပြီး Register ပြုလုပ်ခိုင်းသည့် Window ကျလာပါလိမ့်မည်။ သင်မှတ်မိနိုင်သည့် (သို့မဟုတ်) သင့်ကွန်ပျူတာ၏ လက်ရှိ အမည်ကို ရိုက်ထည့်ပါ။ ပြီးလျှင် "dont ask me again from this computer" တွင် tick လုပ်၍ Save ကိုနှိပ်ပါ။
အချိန်အနည်းငယ်စောင့်၍ Facebook တွင်အသုံးပြုထားသော Email Inbox ကိုဖွင့်ကြည့်ပါ။ သင့်ကွန်ပျူတာနှင့် သင်၏ Facebook Account တွဲ၍ Add လိုက်ခြင်းကို အကြောင်းကြားသည့် Email ဝင်လာပြီးသည့်နောက် သင်၏ Facebook Account ကိုအခြား Device များမှ အသုံးပြုလျှင် Notify စတင်ပြုလုပ်ပါလိမ့်မည်။
မှတ်ချက်။ ။ ဤ Setting သည် Internet Cookies System ကိုအသုံးပြုထားခြင်းဖြစ်သောကြောင့် သင်၏ Browser Cookies ကို Clear ပြုလုပ်လိုက်ပါက နောက်တစ်ကြိမ် သင်အသုံးပြုသည့် Device ကို Register ပြန်လည်ပြုလုပ်ပေးရပါမည်။
တစ်ခုသတိထားရမှာက ဖျက်ပြီးလို့ ၂ ပါတ် ( 14days ) အတွင်း လုံးဝ Login ပြန်မလုပ်မိပါစေနဲ့။ 14 ရက်အတွင်း login ပြန်လုပ်လျှင် ပြန်လည် Activate ဖြစ်သွားမည်ဖြစ်ပြီး၊ 14 ရက်အတွင်း လုံးဝ Login ပြန်မလုပ်လျှင် သင့် Facebook Account မှာ ရှိသမျှ Info, Photo စတဲ့ Data အားလုံးအပါအဝင် Account တစ်ခုလုံးကို Permanetly ဖျက်သွားပါလိမ့်မယ်။ Facebook မှ Email များလည်း မည်သည့်အခါမှ လာတော့မှာမဟုတ်သလို၊ နောက်တစ်ကြိမ် သင်ဖျက်လိုက်တဲ့ Account နဲ့လည်း Login လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။
သင်၏ Facebook Account ကို Permanetly ဖျက်ရန် ပထမဆုံး သင်ဖျက်လိုတဲ့ Account နဲ့ Facebook မှာ Login လုပ်ပါ။ ပြီးလျှင် အောက်မှာပေးထားတဲ့ Click This Link To Delete Your Facebook Account Permanetly ဆိုတဲ့ Link မှာ Click နှိပ်လိုက်ပါ။ (အောက်တွင်ပြထားသော Link ကို Click မနှိပ်မှီ၊ အခြား Window မှာ သင်ဖျက်လိုတဲ့ Facebook Account နဲ့ Facebook မှာ Login လုပ်ထားရပါမယ်။)
>>>Click This Link To Delete Your Facebook Account Permanetly<<<
အထက်ပါ Link ကို Click နှိပ်လိုက်လျှင် အောက်တွင်ပြထားသကဲ့သို့ Facebook Window တက်လာပါလိမ့်မည်။ (ပုံများပေါ်တွင် Click နှိပ်၍ မူရင်းပုံများကို ကြည့်ပါ။) Submit Button ကို Click နှိပ်ပေးပါ။
ထို့နောက် Security Check Window ထပ်တပ်လာလျှင် ယခုဖျက်နေသည့် Facebook Account Password ကိုရိုက်ထည့်ပြီး၊ Security Check ကွပ်လပ်မှာ စာများကို မှန်အောင်ရိုက်ထည့်၍ OKAY ကိုနှိပ်ပါ။
နောက် 14 ရက်အတွင်း Login ပြန်လုပ်လျှင် Reactivate ပြန်ဖြစ်မည့်အကြောင်းပြောသည့် Window တက်လာပါလိမ့်မည်။ OKAY ကို Click နှိပ်ပါ။
ပြီးလျှင် Login to Continue ဟူ၍ ထပ်ပေါ်လာပါလိမ့်မည်။ Login ထပ်လုပ်စရာမလိုတော့ပါ။ သင်အသုံးပြုနေသည့် လက်ရှိ Window Tab ကိုပိတ်လိုက်ပါ။ နောက် 14 ရက်အတွင်း သင့် Account နှင့် Login ပြန်မလုပ်လျှင် သင့် Facebook မှာရှိသမျှ Data များရော၊ Account တစ်ခုလုံးကိုပါ အပြီးအပိုင် Permanetly ပျက်သွားပါလိမ့်မည်။ 14 ရက်အတွင်း ပြန်လည် Activate ပြုလုပ်လိုလျှင်တော့ အထက်တွင်ရေးခဲ့သည့်အတိုင်း Login ပြန်လုပ်ပေးလိုက်ရုံပါ။ 14 ရက်ပြီးသည့်နောက် Facebook ကိုပြန်လည် အသုံးပြုလိုပါက ပြန်လည် Register ပြုလုပ်ရမည်ဖြစ်ပါသည်။