Pages

Wednesday, June 23, 2010

FLASHသီချင်းဘယ်လိုလုပ်လည်း{လုပ်နည်း}

SWiSH Max3.exe

ကျွန်တော်အပေါ်မှာပေးတဲ့ဆော့ဝဲေ
လးကိုဒေါင်းလိုက်ပါ...။။ပြီးတော့..rught click ပေး Run as လုပ်ပါ..အိုကေ
SWiSH boxတက်လာပါလိမ့်မယ်.............New Movies Project ဆိုတဲ့ဘောက်တက်လာမယ်ဟုတ်တယ်ဟုတ်.
.အဲမှာdefault နဲ့ပဲ ၀င်လိုက်နော်.....အောက်ကပုံမှာ..ကျွန်တော်ပြထားသလိုပေါ်လာမယ်..



အပေါ်ကပုံမှာကျွန်တော်အနီရောင်နဲ့ဝိုင်းပြထားတဲ့..moviespropertiesကိုကလစ်ပေးလိုက်..အိုကေ..အစိမ်းရောင်နဲ့ဝိုင်းပြထားတဲ့..
properties box တက်လာမယ်....proper boxမှာ..moves size ,background color ,heightရယ်..သုံးမျိုးပြင်မယ်..
အဲသုံးမျိုးမှာမိမိစိတ်ကြိုက်..ရွေးမယ်..ကျွန်တော်ကတော့..အနက်ရောင်ကိုbackground color ကိုအဖြူပဲပေးမယ်..width ကို
1300 pix ပေးမယ်..heightကို600ပေးမယ်..အိုကေ...အဲတော့...
အရမ်းဆိုဒ်ကြီးသွားတော့.လုပ်ရတာအဆင်မပြေတော့ဘူး....အဆင်မပြေရင်..ညာဘက်အောက်မှာ..view ဆိုတာရှိတယ်..
အဲမှာ..zoon ကို50%လောက်ရှော့ချပြစ်လိုက်....နောက်..ပုံထည့်မယ်..background image လေးတွေထည့်မယ်..
သီချင်းထည့်မယ်..သီချင်းစာသားထည့်မည်...
အရင်ဆုံးသီချင်းနဲ့ပုံထည့်မယ်.


ကျွန်တော်အနီရောင်ဝိုင်းပြထားတဲ့လေးမျိုးကိုအဓိကထားပြောပ့ါမယ်..ဒါဆိုရင်သီချင်းတစ်ပုဒ်ကောင်းကောင်းရပါပြီ..ကဲ..
သီချင်းထည့်ချင်ရင်..import sound,ဓါတ်ပုံထည့်အမယ်.ဆိုရင်..import image ,
movies ဖိုင်ထည့်မယ်ဆိုရင်..import video , glitter တို့ဘာတို့ကနေယူထားတဲ့
aninmationပုံတွေကိုထည့်မယ်ဆိုရင်.import animationကိုထည့်မယ်.နောက်..
swiနဲ့ဆေ့ပေးထားတဲ့ effect တွေ..ဥပမာ
mouseheart effect တို့လိုမျိုးတွေကိုထည့်မယ်ဆိုရင်.
.ininmation ကနေသွားထည့်လိုက်ပါ...နောက်..အပိုင်း
သီချင်းထည့်ပြီးပြီ..ဓါတ်ပုံတွေကိုလည်းမိမိစိတ်ကြိုက်ထည့်ပြီးပြီး...
နောက်..animationပုံတွေကိုလည်းမိမိစိတ်ကြိုက်ထည့်ပြီးပြီ
ဆိုရင်..သီချင်းစာသားထည့်မယ်...သီချင်းစာသားကိုဘယ်လိုထည့်မလည်းဆိုတာကြည့်လိုက်..ပါ

အရင်ဆုံးစာရေးမယ်နော်.


အပေါ်ကပုံကိုကြည့်လိုက်ပါ...ဘေးမှာ tool bar မှာအညိုနဲ့ဝိုင်းပြထားတဲ့ " T "ဆိုတဲ့စာလုံးလေးကိုကလစ်ပေးလိုက်..
ပြီးတော့..အလည်ကapplication boxမှာသွားလိုက်တော့..ကာဆာလေးကပုံစံပြောင်းသွားပြီ..
အိုကေ..အဲကာဆာလေးကိုထောက်လိုက်တာနဲ့...
စာရေးဖို့အကွက်ကလေးတွေကျလာပြီ..ဟုတ်လားပဲ...စာရေးတော့မယ်.ဆိုရင်...font type/size/color
က..ဘယ်မှာပြောင်းမလည်း..ကျွန်တော်အနီရောင်နဲ့ဝိုင်းပြထားတဲ့..properties မှာသွားပြောင်းလိုက်...
..စာရေးပြီးပြီး...စာကြောင်း လေး ကြောင်းရေးထားပါရဲ့..အဲစာ လေး ကြောင်းက..ဒီအတိုင်းထားရင်ပုံသေကြီးပေါ်နေမှာပဲ
ဒါကို..အ၀င်နဲ့..အထွက်ကလေးတွေ..ဘယ်လို့ထည့်ပေးမလည်း...သီချင်နားထောင်ကြည့်လိုက်..
အပေါ်မှာအစိမ်းနဲ့ဝိုင်းပြထားတယ်နော်.
အဲကောင်လေးကို နိပ်ပြီး..play လုပ်လိုက်တော့.အောက်ကကျွန်တော်အ၀ါရောင်နဲ့ဝိုင်းပြထားတဲ့time line မှာ..
အနီရောင်အတုံးလေးပြေးနေပါလိမ့်မယ်...စက်ပေါ်မူတည်ပါတယ်..play လိုက်ရင်...သူဘာသာအလုပ်လုပ်နေတာကိုခန
စောင့်ပါ..စိတ်ရှည်ပါနော်....ဒီသီချင်းလုပ်တာက..စိတ်ရှည်ပါ..လို့ပဲပြောချင်တယ်..အိုကေ..time line မှာကိုယ့်စာသားက..
အသံဘယ်နားမှာဝင်သလည်း...(စာသားကဥပမာ.."မ..မချစ်လို့သေနိုင်တယ်" ဆိုရင်.အနီရောင်အတုန်းလေးက..
အဲစာသားအတွက်..နံပါတ်ဘယ်လောက်မှာဖြတ်သွားလည်းမှတ်ထားလိုက်..အဲနံပတ်မှာ..အောက်က
ကျွန်တော်ရှင်းပြမယ်..effect ကလေးတွေကိုလိုက်ထည့်လိုက်တော့..
EFFECT ထည့်မယ်...


effect ထည့်မယ်..ကိုယ်ရေးတဲ့စာကို..သီချင်းအသံကဘယ်နံပါတ်မှာဝင်ပြီး.
.ဘယ်နံပါတ်မှာထွက်သွားတယ်လို့မှတ်ခိုင်းထားတယ်နော်..
ကိုယ်ရေးတဲ့စာကိုကလစ်ပေးလိုက်..ကျွန်တော်အညိုရောင်နဲ့ဝိုင်းပြထားတယ်..တွေ့လားပဲ...
အဲဒါက..ကျွန်တော်ရေးထားတဲ..မ..မချစ်လို့သေနိုင်တယ်ဆိုတဲ့စာတန်းရဲ့...lineကလေးးးပဲ..အဲlineကလေးမှာ..
နံပါတ်90မှာဝင်တယ်ဆိုရင်..အဲနံပါတ်90မှာ..right click ပေးလိုက်.ကျွန်တော်နီနဲ့ဝိုင်းပြထားတာကအ၀င်..အ၀ါနဲ့
ဝိုင်းပြထားတာက..အထွက်ဆိုပါစို့...အ၀ါနဲ့ဝိုင်းပြထားတဲ့နေရာမှာ..right click ပေးလိုက်တော့..ကျွန်တော်အစိမ်းနဲ့
ဝိုင်းပြထားတဲ့.box ကလေးကျလာမယ်..အဲbox မှာ..appear into position/ Disappear from position/looping continously
ရယ်..သုံးမျိုးတွေ့လိမ့်မယ်..အဲသုံးမျိုးမှတ်ထားပါ..အဲသုံးမျိုးမှာ..appear into....ဆိုတာက..စ၀င်တာ..
disppear from.....ဆိုတာက..ပြောက်သွားမှာ..အထွက်အတွက်../
နောက်..looping continouslyဆိုတာက..loopingပေးဖို့အတွက်..ပါ..အိုကေ
အဲလောက်ဆိုရင်..တော်တော်အဆင်ပြေနေပြီဗျ..ဒီထက်..ထပ်ပြီးတော့..တတ်ချင်သေးတယ်ဆိုရင်..တော်..စာအုပ်တွေပေးလိုက်
ပါမယ်....သူတို့ရှင်းပြထားတာက..ပို့ရှင်းပါမယ်..ကျွန်တော်ကတော့..ပိန်းတော့..လူပိန်းအတွေးနဲ့.ှရှင်းပြထားတာ..ပါ..
ကျွန်တော်နားလည်ခဲ့သလို့..နားလည်အောင်ရှည်းပြထားတာပါ...နားမလည်ရင်..ပြောပါ..အောက်ကကွန်းမင့်ကနေ..
နားမလည်တဲ့အပိုင်းအလိုက်ထပ်ရှင်းပေးပါ့မယ်..အိုကေလားပဲ..ကဲ့..အားလုံးကိုလေးစားလျှက်..(
အော်မေ့တော့မလို့.mousehaert efffect (mousectheart.swi)ထည့်ပေးလိုက်ပါတယ်..အဲကောင်ကို..ဒေါင်းပြီးတော့..
Insert>import aninmation ကနေထည့်လိုက်ပါ...ရပါတယ်..
ဒါကသာမန်သီချင်းတစ်ပုဒ်လောက်တော့..ကျွန်တော်ရှင်းပြထားတာနဲ့တင်ရလောက်မယ်ထင်ပါတယ်...
ကျွန်တော်ပေးတဲ့ဖိုင်တိုင်းကိုဇစ်ချုပ်မထားပါဘူး။.နက်ဆိုင်မှာသုံးတဲ့သူငယ်ချင်းများအတွက်.အခက်အခဲဖြစ်မှာစိုးရိမ်လို့ပါ..
အားလုံးကိုလေးစားလျှက်..


ကိုdouble tun ရေးထားတဲ့စာအုပ်ကလေးပါ..
swish max book.pdf

Sunday, June 13, 2010

Youtube Video များကို Youtube Site မှတိုက်ရိုက် လွယ်ကူစွာ Download လုပ်နိုင်မည့် 1-Click Youtube Download

Youtube Video များကို Youtube Site မှတိုက်ရိုက် လွယ်ကူစွာ Download လုပ်နိုင်မည့် 1-Click Youtube Download

Youtube မှ Video များကို Download ရန်နှင့် Convert လုပ်ရန် အခြား Downloader, Converter စသော မည်သည့် Software များကိုမှ အသုံးပြုစရာမလိုပဲ Youtube Home page မှာတင် တိုက်ရိုက် နှစ်သက်ရာ Video format ကိုရွေးချယ် Download လုပ်ပေးနိုင်တဲ့ 1-Click Youtube Download ပါ။ FireFox Add-on တစ်ခုဖြစ်တဲ့ 1-Click Youtube Download ကို Install လုပ်ပေးထားခြင်းဖြင့် တိုက်ရိုက် Download Link များကို အထက်ပါပုံတွင် ပြထားသည့်အတိုင်း Youtube Video ၏အောက်ရှိ၊ Embed နှင့် Flag Button များ၏အောက် (သို့မဟုတ်) ဘေးနားတွင် တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
တိုက်ရိုက် Download Link များအနေနဲ့၊ အသုံးများသော FLV, MP4 နှင့် 3GP Video Format များကို အသုံးပြုနိုင်မှာ ဖြစ်လို့ iPhone, iPod, iPad, PSP, Mobile Phone များတွင် ထည့်သွင်း အသုံးပြုလိုသူများအတွက် အထူးသင့်တော်ပါတယ်။ HD Format Download Link ကိုလည်း အချို့ Video များတွင် ရရှိနိုင်ပါတယ်။ အသုံးပြုပုံမှာ ကြည့်ရှုနေသည့် လက်ရှိ Video ကို Download လုပ်ရန် ၎င်း FLV, MP4, 3GP စသော Link များကို Click နှိပ်ပေးလိုက်ရုံပါပဲ။ 1-Click Youtube Download ကို Install လုပ်ပြီးနောက် FireFox Browser ကို Restart ပြန်လုပ်ပေးလိုက်လျှင် Youtube Video Site တွင် 1-Click Youtube Download ကို အသုံးပြုရန် အဆင်သင့် ဖြစ်နေပါလိမ့်မယ်။

Saturday, June 12, 2010

Video Site 75 ခုမှ Video များကို Download လုပ်နိုင်သော xVideoServiceThief Video Downloader

Video Site 75 ခုမှ Video များကို Download လုပ်နိုင်သော xVideoServiceThief Video Downloader

YouTube, Yahoo, Google Videos, Metacafe စသော နာမည်ကြီး Video Site များအပါအဝင် Video Site 75 ခုမှ Video များကို URL Address ရယူပြီး၊ Download လုပ်ပေးနိုင်ရုံသာမက နှစ်သက်ရာ Video Format များသို့ပါ တိုက်ရိုက် Convert လုပ်ပေးနိုင်တဲ့ xVideoServiceThief Video Downloader ပါ။ 123video, 5min, ATV, Aniboom မှစ၍ Zedge, Zubble စသည်ဖြင့် အက္ခရာစဉ်အလိုက် Video Site ၇၅ မျိုးမှ Video များကို Download လုပ်နိုင်ပါတယ်။ http:// နှင့် rtmp:// Protocol များကို Support လုပ်ပေးပြီး၊ တချိန်တည်းမှာ Video တစ်ခုထက်ပို၍ Download လုပ်နိုင်ပါတယ်။ Built in Search Box ပါဝင်ပြီး၊ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။
Convert လုပ်နိုင်တဲ့ Format များကတော့ AVI, WMV, MPEG1/2, 3GP, MP4, MP3, စသည်တို့အပြင် Sony PSP နှင့် Apple iPod များအတွက်ပါ တိုက်ရိုက် Convert လုပ်ပေးနိုင်ပါတယ်။ Screen Resoulation , Audio Sample Rate (Hz) နှင့် Video Sample Rate (Hz) များကိုလည်း အသုံးပြုမည့် Player နှင့် သင့်တော်သည့် အချိုးအစားအလိုက် ရွေးချယ်နိုင်ပါတယ်။ Add Video ကို Click နှိပ်ခါ Download လုပ်လိုသည့် URL ကိုထည့်၍ Download လုပ်နိုင်သည့် အပြင် Drag and Drop function ပါပါဝင် ပါတယ်။ Download လုပ်နိုင်သော Video Site များထဲတွင် Adult Video Site များလည်း ပါဝင်သည် ဖြစ်ရာ ၎င်း Site များကို အသုံးမပြုစေလိုပါက Password ခံ၍ Block လုပ်ထားနိုင်ပြီး၊ Unblock ပြန်လည်ပြုလုပ်လိုပါက Block လုပ်စဉ်က Password ကို ပြန်လည်အသုံးပြုရပါမယ်။ Portable ကိုပါရယူနိုင်၍ 9.6 MB သာရှိပြီး၊ Window အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

Monday, June 7, 2010

[သူ့ ဆီကအီးမေးလ်မလာစေချင်ပါ]

.. Gmail မှာ ကိုယ်ဆီ မလာစေတဲ့ email တွေကို အောက်ပါ အတိုင်း လုပ်ပါတော့ဗျာ ...။


၁) မိမိ Gmail Account ထဲ ၀င်ပါ။
၂) Setting ကို သွားပါ။
၃) Filters ဆိုတာ ရှိပါ။ အောက်က ပုံတွင် ကွင်းဝိုင်း ပြထားသည့်အတိုင်း ပြုလုပ်ပါ။

၎) from အကွက်မှာ မိမိ အီးမေးလ်ဆီ နောက်ထပ်မလာစေချင်တဲ့ email လိပ်စာဖြည့်။
ပြီးရင် Next Step ။

၅) ကိုယ်မလာစေချင်တဲ့ အီးမေးလ် နောက်ထပ်လာခဲ့ရင် အော်တို delete ဖြစ်သွားအောင် Delete it Box ကို အမှန်ခြစ်ရွေး။ ပြီးရင် Create Filters ကို နှိပ်။

၆) အောက်ပုံလို ပေါ်ရင် အိုကေပြီ။

ဒါဆိုရင် မိမိဆီ လာနေတဲ့၊ နှောင့်ယှက်နေတဲ့ အဆိုပါ အီးမေးလ်လာရင် Auto Delete လုပ်ပြီးသာ ဖြစ်နေလိမ့်မယ်။

မင်းpassword ဘာတွေရေးထားလဲဆိုတာကို ငါမြင်နိုင်တယ်

ဒီ Tool လေးက တော့ .. Gtalk မှာ ရိုတ်လိုက်တဲ့
password လေးကို ထောက်ကြည့်လိုက်တာနဲ့
password ဟာ ဘာတွေရေးထားတယ်ဆိုတာမြင်နိုင်ပါတယ်
တကယ်တော့ password ဆိုတာ copy/past လုပ်လို့မရဘူးလေ
သူ့ ကို ဘာရေးထားလဲဆိုတာလုံးဝမသိနိုင်ဘူး အဲဒါကြောင့်
ကျွန်တော်ပေးတဲ့ Tool လေးနဲ့ ထောက်ကြည့်လိုက်တာနဲ့
အဲဒီ password ဘာရေးထားလဲဆိုတာသိနိုင်ပါတယ် ..။
အမြဲတမ်းအသုံးမ၀င်ပေမယ့် .. တစ်ခါတစ်လေကျတော့လဲအသုံးဝင်
ချင်ဝင်မယ်လေ :P ... ။ ယူထားလိုက်ပါ

ဒီမှာယူပါ

Download Now PasswordViewer

Sunday, June 6, 2010

Run Box ကတဆင့်သွားလို့ရတဲ့နေရာများ

၁။ Run ထဲမှာ timedate.cpl ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက ကွန်ပြူတာရဲ့ အချိန်တွေ၊ ရက်စွဲတွေပြင်လို.ရတဲ့ နေရာကို သွားတာ။
၂။ နောက်တစ်ခုက control ဆိုပြီးရိုက် ok
လို.ပြော။ အဲဒါက
control panel ထဲကိုသွားတာ။
၃။ Notepad ထဲကိုသွားချင်ရင် notepad လို.ပဲရိုက်လိုက်ရင် ရပြီ။
၎။ Wordpad ထဲသွားချင်ရင်လည်း အဲဒီအတိုင်း wordpad လို.ရိုက်ပြီး Enter ခေါက်။
၅။ winword ဆိုပြီး Enter ခေါက်ရင် Microsoft word ကိုရောက်သွားလိမ့်မယ်။
၆။ Excel ဆိုပြီး Enter ခေါက်ရင် Microsoft Excel ကိုရောက်သွားလိမ့်မယ်။
၇။ powerpnt ဆိုတာက ပါဝါပွိုင့် ကို။
၈။ photoshop ဆိုတာက Adobe Photo shop ကိုသွားတာ။
၉။ calc ဆိုတာက ဂဏန်းပေါင်းစက်
၁၀။ cmd ဆိုတာက Command Box
၁၁။ charmap ဆိုတာက ကာရိုက်တာ Map ကို
၁၂။ cleanmgr က Disk ကို သန်.ရှင်းတာ
၁၃။ dfrg.msc ဆိုတာက ဖိုင်တွေကို စနစ်တကျ ပြန်စီပေးတာ။ အဲဒီလိုပြန်စီလိုက်ရင် ကွန်ပြူတာသုံးရတာ နဲနဲတော့ ပိုမြန်သွားတယ်။
Defragment Run ရင်အချိန်နဲနဲတော့ ပေးရတယ်။ အဲဒီလို Run ထားရင်လည်း ကွန်ပြူတာကို ဘာမှမသုံးတာ အကောင်းဆုံးပဲ။
၁၄။ Disk ကို manage လုပ်မယ်ဆိုရင် diskmgmt.msc ဆိုပြီးရိုက်။
၁၅။ ntbackup ဆိုတာက data တွေ system state တွေကို backup လုပ်ဖို.။
၁၆။ sndrec32 ဆိုတာက ကွန်ပြူတာနဲ အသံ ဖမ်းဖို.
၁၇။ Run box ထဲမှာ c: ဆိုပြီးရိုက်ရင် c Drive ကို ရောက်သွားမယ်။ d: ဆိုပြီး Enter ခေါက်ရင် D Drive အောက်ကို ရောက်သွားမယ်။
၁၈။ Add or Remove Programs ကို သွားချင်ရင် appwiz.cpl ဆိုပြီးရိုက်။
၁၉။ Device Manager ကို သွားချင်ရင်တော့ devmgmt.msc လို.ရိုက်။
၂၀။ ကွန်ပြူတာ User အသစ်တွေ ဖွဲ.ချင်ရင် nusrmgr.msc လို.ရိုက်

Thursday, June 3, 2010

Facebook တွင် Chat History ကိုပြန်လည်ကြည့်ရှုနိုင်မည့် Chat History Manager

Facebook တွင် Chat History ကိုပြန်လည်ကြည့်ရှုနိုင်မည့် Chat History Manager

Facebook မှာ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ Chat ထားတဲ့ History ကို ပြန်ကြည့်ဖို့ Facebook Privacy အရ တရားဝင်မဖြစ်နိုင်ပါဘူး။ ယခုဖေါ်ပြမယ့် Chat History Manager ကတော့ Facebook Chat History များကို Save လုပ်ထားနိုင်ပြီး Account တစ်ခုလုပ်ခါ၊ Password နှင့် သိမ်းဆည်း ထားနိုင်ပါတယ်။ Facebook Chat History Manager ကို FireFox နှင့် Google Chrome Browser များမှာ တွဲဖက်အသုံးပြုနိုင်ပါတယ်။ အသုံးများတဲ့ FireFox Browser နှင့် အသုံးပြုပုံကို ဖေါ်ပြပေးသွားပါမယ်။
အရင်ဆုံး Facebook Chat History Manager ကို FireFox Add-on Page မှာ Add to FireFox ကို Click နှိပ်ခါ သွားရောက် Download လုပ်ရပါမယ်။ ပြီးလျှင် FireFox Browser ကို ပိတ်ပြီး၊ ပြန်ဖွင့် (Restart) ပေးရပါမယ်။ ပြီးလျှင် FireFox Menu Bar ရှိ Tools Menu ကိုသွားပါ။ ထို့နောက် Tools Menu ၏အောက်ဆုံးရှိ Facebook Chat History Manager >> Get Facebook ID ကိုသွားပါ။ ပြီးလျှင် Facebook Login Window ကျလာလျှင် သင်၏ Facebook ID ကိုရယူရန် Facebook Account နှင့် Login လုပ်ပေးလိုက်ပါ။ ပြီးလျှင် Your Facebook ID is 12345678901234 ဟူ၍ပေါ်ကျလာလျှင် နောက်ဆုံးမှ Facebook ID နံပါတ်များကို အောက်ပါပုံတွင် ပြထားသည့်အတိုင်း Copy ကူးပါ။ Facebook ID ကို Original Facebook Site တွင်သွား၍ Login လုပ်ပြီး၊ Profile Tab ကို နှိပ်ခါ၊ Address Bar မှလည်းရယူနိုင်ပါတယ်။ (http://www.facebook.com/#!/profile.php?id=123456789012345 မှာ နောက်ဆုံး စာလုံး အပြာရောင်နဲ့ ဖေါ်ပြပေးထားသည့် ဂဏန်းများဟာ သင့် Facebook ရဲ့ ID ဖြစ်ပါတယ်။) ၎င်း ID Number များကို Copy ကူးပါ။
ထို့နောက် ဆက်လက်၍ FireFox Menu Bar မှ Tools >> Facebook Chat History Manager >> Create Account ကိုသွားပါ။ ပြီးလျှင် အထက်ပါပုံတွင် ပြထားသည့်အတိုင်း Facebook ID(*) ဟူသော နေရာတွင် Copy ကူးလာသည့် Facebook ID ကိုထည့်ပါ။ Login name (optional) နေရာတွင် သင်၏ ကိုယ်ပိုင်နာမည် ထည့်နိုင်သလို၊ Facebook Account နာမည် (သို့မဟုတ်) Email ကိုလည်းထည့် နိုင်ပါတယ်။ ထို့နောက် Password များကို သတ်မှတ်ပေးပါ။ ပြီးလျှင် Set as default user ကို Tick ပေး၍ Create Button ကို နှိပ်ပေးပါ။
ထို့နောက် Tools >> Facebook Chat History Manager >> View History ကိုသွားပါ။ User Name နှင့် Password နေရာတွင် အထက်တွင် ပြုလုပ်ခဲ့သည့် Login Name နှင့် Password ကိုထည့်ပေးပြီး၊ OK ကို နှိပ်လိုက်လျှင် အောက်ပါပုံတွင် ပြထားသည့် အတိုင်း Facebook သူငယ်ချင်းများနဲ့ Chat ထားတဲ့ History ကို ရက်စွဲနှင့် တကွ ပြန်လည် တွေ့မြင်ရမှာဖြစ်ပါတယ်။
တစ်ကြိမ် Facebook Chat History ကိုကြည့်တိုင်း တစ်ခါ Password ထည့်ပေးရသည့်အတွက် စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ Facebook Chat History ကိုလွယ်ကူစွာ Access လုပ်နိုင်ရန် အတွက် အောက်တွင် ပေးထားသည့် Facebook History Link ကို Drag ဆွဲ၍ Bookmark Menu Bar မှာ တင်ပေးထားလိုက်ပါ။ Tools >> Facebook Chat History Manager >> View History ကနေသွား၍ ကြည့်သော်လည်း Facebook Chat History များကို မတွေ့ပါက အောက်တွင် ပေးထားသော Facebook History ကို ထပ်မံ Click နှိပ်၍ ကြည့်ပါ။ အောက်တွင် ပေးထားသော Link ကို Drag ဆွဲ၍ Bookmark လုပ်ထားပြီး အသုံးပြုပါ။
Drag This Link and drop onto your bookmark bar>>>>> Facebook History
တစ်ကြိမ် Login လုပ်ပေးထားလျှင် နောက်အကြိမ်များတွင် အထက်ပါ Bookmark ကိုအသုံးပြု၍ တိုက်ရိုက် ကြည့်နိုင်ပါတယ်။ Facebook Chat History Manager ကို Google Chrome နှင့်ပါ တွဲဖက်အသုံးပြုနိုင်ပြီး၊ ယခင် ဤ Facebook Chat History Manager ကို Install မလုပ်ခင်က History များကို ပြန်လည် ကြည့်ရှုနိုင်မည် မဟုတ်ပါ။