Pages

Sunday, June 13, 2010

Youtube Video များကို Youtube Site မှတိုက်ရိုက် လွယ်ကူစွာ Download လုပ်နိုင်မည့် 1-Click Youtube Download

Youtube Video များကို Youtube Site မှတိုက်ရိုက် လွယ်ကူစွာ Download လုပ်နိုင်မည့် 1-Click Youtube Download

Youtube မှ Video များကို Download ရန်နှင့် Convert လုပ်ရန် အခြား Downloader, Converter စသော မည်သည့် Software များကိုမှ အသုံးပြုစရာမလိုပဲ Youtube Home page မှာတင် တိုက်ရိုက် နှစ်သက်ရာ Video format ကိုရွေးချယ် Download လုပ်ပေးနိုင်တဲ့ 1-Click Youtube Download ပါ။ FireFox Add-on တစ်ခုဖြစ်တဲ့ 1-Click Youtube Download ကို Install လုပ်ပေးထားခြင်းဖြင့် တိုက်ရိုက် Download Link များကို အထက်ပါပုံတွင် ပြထားသည့်အတိုင်း Youtube Video ၏အောက်ရှိ၊ Embed နှင့် Flag Button များ၏အောက် (သို့မဟုတ်) ဘေးနားတွင် တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
တိုက်ရိုက် Download Link များအနေနဲ့၊ အသုံးများသော FLV, MP4 နှင့် 3GP Video Format များကို အသုံးပြုနိုင်မှာ ဖြစ်လို့ iPhone, iPod, iPad, PSP, Mobile Phone များတွင် ထည့်သွင်း အသုံးပြုလိုသူများအတွက် အထူးသင့်တော်ပါတယ်။ HD Format Download Link ကိုလည်း အချို့ Video များတွင် ရရှိနိုင်ပါတယ်။ အသုံးပြုပုံမှာ ကြည့်ရှုနေသည့် လက်ရှိ Video ကို Download လုပ်ရန် ၎င်း FLV, MP4, 3GP စသော Link များကို Click နှိပ်ပေးလိုက်ရုံပါပဲ။ 1-Click Youtube Download ကို Install လုပ်ပြီးနောက် FireFox Browser ကို Restart ပြန်လုပ်ပေးလိုက်လျှင် Youtube Video Site တွင် 1-Click Youtube Download ကို အသုံးပြုရန် အဆင်သင့် ဖြစ်နေပါလိမ့်မယ်။

No comments:

Post a Comment