Pages

Tuesday, May 11, 2010

သင်၏ Facebook Account ကို အခြားသူများ (သို့မဟုတ်) အခြား Device များမှအသုံးပြုပါက Notification Email ပို့စေလိုလျှင်

သင်၏ Facebook Account ကို အခြားသူများ (သို့မဟုတ်) အခြား Device များမှအသုံးပြုပါက Notification Email ပို့စေလိုလျှင်

Facebook Account တစ်ခုကို သုံးနေကျ ကွန်ပျူတာ (device) မှလွဲပြီး၊ အခြားနေရာ၊ အခြား Device (ဥပမာ- mobile, အခြား PC) များမှ အသုံးပြုလျှင် မူရင်း Account ပိုင်ရှင်ထံသို့ Notification Email ပို့ပေးနိုင်ရန် ပြုလုပ်ထားနိုင်ပါတယ်။ ပထမဆုံး Facebook Account တွင် Login လုပ်ပါ။ ထို့နောက် Facebook Window ၏ညာဘက်၊ အပေါ်ဆုံးထောင့်ရှိ Account Menu မှ Down arrow ကိုနှိပ်၍ Account Settings သို့သွားပါ။ ပြီးလျှင် Settings sub menu ၏အောက်ရှိ Account Security ကိုသွား၍ Change ကိုနှိပ်ပါ။ "Would you like to receive notifications for logins from new devices? " ဟူသောနေရာတွင် Yes ကိုရွေး၍ Submit button ကိုနှိပ်ပါ။
အထက်ပါအဆင့်များပြီးလျှင် သင်၏ Facebook Account ကို Logout လုပ်ပြီး Login ပြန်လုပ်ပါ။ အောက်တွင်ပြထားသကဲ့သို့ သင်လက်ရှိအသုံးပြုနေသည့် ကွန်ပျူတာကို သင်၏ Account နှင့် တွဲပြီး Register ပြုလုပ်ခိုင်းသည့် Window ကျလာပါလိမ့်မည်။ သင်မှတ်မိနိုင်သည့် (သို့မဟုတ်) သင့်ကွန်ပျူတာ၏ လက်ရှိ အမည်ကို ရိုက်ထည့်ပါ။ ပြီးလျှင် "dont ask me again from this computer" တွင် tick လုပ်၍ Save ကိုနှိပ်ပါ။
အချိန်အနည်းငယ်စောင့်၍ Facebook တွင်အသုံးပြုထားသော Email Inbox ကိုဖွင့်ကြည့်ပါ။ သင့်ကွန်ပျူတာနှင့် သင်၏ Facebook Account တွဲ၍ Add လိုက်ခြင်းကို အကြောင်းကြားသည့် Email ဝင်လာပြီးသည့်နောက် သင်၏ Facebook Account ကိုအခြား Device များမှ အသုံးပြုလျှင် Notify စတင်ပြုလုပ်ပါလိမ့်မည်။
မှတ်ချက်။ ။ ဤ Setting သည် Internet Cookies System ကိုအသုံးပြုထားခြင်းဖြစ်သောကြောင့် သင်၏ Browser Cookies ကို Clear ပြုလုပ်လိုက်ပါက နောက်တစ်ကြိမ် သင်အသုံးပြုသည့် Device ကို Register ပြန်လည်ပြုလုပ်ပေးရပါမည်။

Monday, May 10, 2010

G mail account ဖျက်ချင်သူများအတွက်

အလကားရတိုင်း account တွေအများကြီးဖွင့်ပြီး စိတ်ရှုပ်နေတဲ့ သူငယ်ချင်း
ကိုကို မမ ညီငယ် ညီမငယ် များအတွက်
အသုံးဝင်မယ်ထင်ပါတယ်။

G-mail ကိုဘယ်လိုဖျက်မလဲ…..

အခမဲ့ရတဲ့ G-mail
တွေသင့်မှာများနေပြီ..ကျူခံရတာများလို့စိတ်ညစ်လို့ပဲဖြစ်ဖြစ်

ဒါမှမဟုတ် ကိစ္စတစ်ခုခုကြောင့် ဖျက်ချင်တာပဲဖြစ်ဖြစ် ဖျက်ကြည့်ရအောင်…………

-Google Account Settings ဆီကိုသွားပါ။Edit ထဲကိုအရင်သွားလိုက်နော်
ပြီးရင်.

-Delete a Service အောက်က Delete G-mail Service ကို Click ပါ။

ဒီနေရာမှာ Close account and delete all service and info associated with
it ကိုရွေးလည်းရပါတယ်။ဒီလိုရွေးချယ်မယ်ဆိုရင်
ဖျက်ချင်တဲ့အကောင့်နဲ့သက်ဆိုင်သမျှ

i-google ,Google Docs စတာတွေပါ ပါသွားမှာပါ။

-Yes ,I want to permanently delete deletemememetoo@gmail.com and remove
from my google account ကိုရွေးပါ။

-New Email Address နေရာမှာ သင့်ရဲ့ အီးမေးလ် လိပ်စာတစ်ခုခုအသစ်ရေးပါ။

G-mail က Secondary email ကိုသတင်းပေးရာမှာ အသုံးပြုလို့ပါ။ ဒီ E-mail က
Google အတွက် သင့်မူပိုင်ပါပဲ။

-ဖျက်ပြစ်လိုက်တဲ့ E-mail ရှိ ၊မရှိ စောစောလေးက ပေးထားခဲ့တဲ့ Mail
မှတစ်ဆင့်ပြန်စစ်ကြည့်ပါဦး။

-Current Password အောက်က G-mail Password ကိုဝင်ပါ။

-Remove G-mail ကိုရွေးပါ။

-Account-neroplyegoogle.com မှ Confirmation ကို သင်ပေးခဲ့တဲ့ Secondary
account မှာ ဖွင့်ကြည့်ပါ။

-Deletion Link ကိုဝင်ပါ။

-Password ရိုက်ထည့်ပါ။ပြီးရင် Verify: ပေါ့။

How to create a link ourselves ??? Linking(လင့်ခ်ချိတ်နည်းအကြောင်း)

မိမိတို့  comment box ၏အပေါ်တွင်ဖြစ်စေ ၊ မိမိတင်လိုသော အသစ်တင်မည့် blog text box
သို့ မဟုတ်ပါက discussion text box တို့ ၏အပေါ်တွင်ဖြစ်စေ B (bold) , I (Italic) , U (underline) ,
paper ပုံ (attaching file), သံကွင်းပုံ (creating link) , သံကွင်းပြတ်ပုံ (removing link) စသည်တို့ 
ပါပေသည်။

B (bold) , I (Italic) , U (underline) တို့ ကို အသုံးပြုနည်းကိုမူ လူတိုင်းနားလည်ပေလိမ့်မည်။ ထို့ အတူ
ဖိုင်တစ်ခု (ရုပ်ပုံဖြစ်စေ၊ သီချင်းဖြစ်စေ၊ ဗီဒီယိုဖြစ်စေ) ထည့်လိုသောအခါတွင်လည်း paper ပုံ
(attaching file) သင်္ကေတကို အသုံးပြုရကြောင်း နားလည်ရန်လွယ်ကူပါလိမ့်မည်။

ထို့ ကြောင့် ယခု လင့်ခ်ချိတ်နည်းနှင့် လင့်ခ်ဖြတ်နည်းကို အဓိကပြောလိုပါသည်။

Linking (လင့်ခ်ချိတ်နည်း)

Step(1) လင့်ခ်မချိတ်ခင်တွင် မိမိရယူချိတ်လိုသောလင့်ကို အရင်ဦးစွာ ကော်ပီ (Ctrl+C) လုပ်ထားပါ။
Step(2) ထို့ နောက် မိမိချိတ်လိုသော စာသားတစ်ခုကို အရင်ရိုက်ပါ။
ဥပမာဆိုကြပါစို့  ... Click Here ဟုရိုက်ပြီး ၄င်း Click Here ကိုလင့်ခ်အဖြစ်ပြောင်းမည်ဆိုပါစို့ ။
Step(3) မိမိချိတ်လိုသော လင့်ခ်ကို copy လုပ်ပြီးနောက် ၄င်း Click Here စာသားကို select လုပ်လိုက်ပါ။
Step(4) ထို့ နောက် ၄င်း သံကွင်းပုံသင်္ကေတ (creating link) ကိုနှိပ်ပါ။
Step(5) နှိပ်ပြီးနောက် ပေါ်လာသော box တွင် url တောင်းပါမည်။ ထိုအခါ စောနက copy လုပ်ထားသော
လင့်ခ်ကို paste (Ctrl+V) ပြန်လုပ်ထည့်လိုက်ပါ။
Step(6) ထို့ နောက် OK ကိုနှိပ်လိုက်လျှင်ရပါပြီ။
Step(7) ထို့ နောက်တွင် Add comment သို့ မဟုတ် (ဘလော့ဂ်တင်သောအခါ) save ကိုနှိပ်ခြင်းအားဖြင့် လင့်တစ်ခုကို
ဖန်တီးနိုင်ပြီဖြစ်ပါသည်။


Unlinking (လင့်ခ်ဖြုတ်နည်း)

link ဖြုတ်တာက ကွန်းမန့် ပေးတဲ့အခါမှာတော့ မပါပါဘူး။ Blog post နဲ့ discussion တွေရေးတဲ့အခါမှပဲ text box တွေမှာပါတာပါ။ လင့်ခ်ဖြုတ်ရတာတော့ ဘာမှမခက်လှပါဘူး။ ကိုယ်ခုနက ချိတ်တဲ့လင့်ခ်ကို မကြိုက်ရင် select ပြန်လုပ်၊
ပြီးတဲ့အခါကျရင် အဲဒီ သံကွင်းပြတ်သင်္ကေတ (removing link) ကိုclick လုပ်လိုက်ရုံပါပဲ။ အဲဒါဆို လင့်ခ်ပျောက်သွားပြီး
ပုံမှန်စာသားအဖြစ်ပဲ ကျန်ရှိတော့မှာဖြစ်ပါတယ်။

Facebook Account ကို permanetly ဖျက်လိုလျှင် (No need to deactivate)

Facebook Account ကို permanetly ဖျက်လိုလျှင် (No need to deactivate)

Facebook အသုံးပြုသူများအတွက် Facebook ကိုအကြောင်းအမျိုးမျိုးကြောင့် မသုံးလိုတော့ပါက လုံးဝ၊ လုံးဝ၊ permanetly ဖျက်ပစ်လိုက်တဲ့နည်းပါ။ Deactivate လုပ်လျှင် နောက်ဆက်တွဲ Facebook message email များပို့နေအုံးမည်ဖြစ်သည့်အပြင်၊ တချိန်ချိန်မှာ Login ပြန်လုပ်လိုက်ရင် Activate ပြန်ဖြစ်သွားပါတယ်။ ဒီနည်းကတော့ Deactivate လုပ်စရာမလိုသလို၊ အသုံးပြုနေတဲ့ Account ထဲက မည်သည့် Data ကိုမျှ သီးခြားဖျက်စရာမလိုပဲ၊ Account တစ်ခုလုံးကို တိုက်ရိုက် Permanetly , Officially ဖျက်တဲ့နည်းပါ။

တစ်ခုသတိထားရမှာက ဖျက်ပြီးလို့ ၂ ပါတ် ( 14days ) အတွင်း လုံးဝ Login ပြန်မလုပ်မိပါစေနဲ့။ 14 ရက်အတွင်း login ပြန်လုပ်လျှင် ပြန်လည် Activate ဖြစ်သွားမည်ဖြစ်ပြီး၊ 14 ရက်အတွင်း လုံးဝ Login ပြန်မလုပ်လျှင် သင့် Facebook Account မှာ ရှိသမျှ Info, Photo စတဲ့ Data အားလုံးအပါအဝင် Account တစ်ခုလုံးကို Permanetly ဖျက်သွားပါလိမ့်မယ်။ Facebook မှ Email များလည်း မည်သည့်အခါမှ လာတော့မှာမဟုတ်သလို၊ နောက်တစ်ကြိမ် သင်ဖျက်လိုက်တဲ့ Account နဲ့လည်း Login လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။



သင်၏ Facebook Account ကို Permanetly ဖျက်ရန် ပထမဆုံး သင်ဖျက်လိုတဲ့ Account နဲ့ Facebook မှာ Login လုပ်ပါ။ ပြီးလျှင် အောက်မှာပေးထားတဲ့ Click This Link To Delete Your Facebook Account Permanetly ဆိုတဲ့ Link မှာ Click နှိပ်လိုက်ပါ။ (အောက်တွင်ပြထားသော Link ကို Click မနှိပ်မှီ၊ အခြား Window မှာ သင်ဖျက်လိုတဲ့ Facebook Account နဲ့ Facebook မှာ Login လုပ်ထားရပါမယ်။)



>>>Click This Link To Delete Your Facebook Account Permanetly<<<


အထက်ပါ Link ကို Click နှိပ်လိုက်လျှင် အောက်တွင်ပြထားသကဲ့သို့ Facebook Window တက်လာပါလိမ့်မည်။ (ပုံများပေါ်တွင် Click နှိပ်၍ မူရင်းပုံများကို ကြည့်ပါ။) Submit Button ကို Click နှိပ်ပေးပါ။

ထို့နောက် Security Check Window ထပ်တပ်လာလျှင် ယခုဖျက်နေသည့် Facebook Account Password ကိုရိုက်ထည့်ပြီး၊ Security Check ကွပ်လပ်မှာ စာများကို မှန်အောင်ရိုက်ထည့်၍ OKAY ကိုနှိပ်ပါ။
နောက် 14 ရက်အတွင်း Login ပြန်လုပ်လျှင် Reactivate ပြန်ဖြစ်မည့်အကြောင်းပြောသည့် Window တက်လာပါလိမ့်မည်။ OKAY ကို Click နှိပ်ပါ။
ပြီးလျှင် Login to Continue ဟူ၍ ထပ်ပေါ်လာပါလိမ့်မည်။ Login ထပ်လုပ်စရာမလိုတော့ပါ။ သင်အသုံးပြုနေသည့် လက်ရှိ Window Tab ကိုပိတ်လိုက်ပါ။ နောက် 14 ရက်အတွင်း သင့် Account နှင့် Login ပြန်မလုပ်လျှင် သင့် Facebook မှာရှိသမျှ Data များရော၊ Account တစ်ခုလုံးကိုပါ အပြီးအပိုင် Permanetly ပျက်သွားပါလိမ့်မည်။ 14 ရက်အတွင်း ပြန်လည် Activate ပြုလုပ်လိုလျှင်တော့ အထက်တွင်ရေးခဲ့သည့်အတိုင်း Login ပြန်လုပ်ပေးလိုက်ရုံပါ။ 14 ရက်ပြီးသည့်နောက် Facebook ကိုပြန်လည် အသုံးပြုလိုပါက ပြန်လည် Register ပြုလုပ်ရမည်ဖြစ်ပါသည်။

Spread Firefox Affiliate Button

Wednesday, May 5, 2010

gtalk မှာ background ပုံလေးတွေပြောင်းကြမယ်

အောက်မှာ ပေးထားတဲ့ ဆော့ဖ်ဝဲလ်လေးကို အရင် Install လုပ် ပေးပါ ။ ပြီးရင်
GTalk Setting နားလေးမှာ Sheel ဆိုတာလေးပေါ်လာပါလိမ့်မယ်...အဲ့ဒီ Shell
ဆိုတာလေးကို နှိပ်လိုက်ရင် Avatar ဆိုတာလေး တွေ့ရပါမယ်...Avatar ကို
ဆက်နှိပ်ရင် Setting ဆိုတာကို တွေ့ရပါ့မယ်။ အဲ့ဒီမှာ Setting ကို
ဆက်နိုပ်လိုက်ရင်
Gtalk Shell Setting ဆိုတဲ့ Box ကျလာပါ့မယ်...
အဲ့ဒီမှာ Add button လေးကနေ ကိုယ်လိုချင်တဲ့ပုံလေးတွေထည့်ပြီး Interval
Seconds ကိုလည်း ကြိုက်သလောက်ထားပြီး သုံးလို့ရပါပြီ...
ပုံလေးတွေ တစ်မျိုးပြီး တစ်မျိုးပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်.။

အားလုံးဘဲ အဆင်ပြေကြပါစေ.....။


Virtual DJ software

သူငယ်ချင်းတဦးလာတောင်းနေလို့ ပြန်ရှဲပေးလိုက်တာ ပါ ကျနော်က တော့ DJ ဘာတွေသိပ်မသိပါဘူး အဲလို တော့ တီးလို့ရပါတယ် mp 3 ဖိုင်တွေ encoder file လုပ်ပြီး WAV format ရပါတယ်


Virtual DJ

recorder လည်းလုပ်လို့ရသေးသဗျာ သုံးကြည့်နော် ကျနော် က DJ ဆိုတာ သေချာမသိရယ် လိုချင်တဲ့သူတွေ သုံးတက်တဲ့သူတွေအတွက် ပြန်ရှဲပေးတာပါ ။ သူက audio collage လုပ်လို့ရသလို video clip တွေတောင်လုပ်လိုရတာ ကျနော်ကလိရင်းတွေ့မိပါတယ် ကဲ ကိုသားစိုးရှုံးအောင် ရောကျပါ မွေကျပါအုံးဗျို့

လိုချင်ရင် ဒီနေရာမှာ download လုပ်ပါ

Tuesday, May 4, 2010

ကိုယ်ပိုင် logo များ၊ ငွေစက္ကူများ ပြုလုပ်၍ free download ရယူနိုင်သည့် Festisite

ကိုယ်ပိုင် logo များ၊ ငွေစက္ကူများ ပြုလုပ်၍ free download ရယူနိုင်သည့် Festisite



ကိုယ်ပိုင် logo များ၊ နိုင်ငံတကာ ငွေစက္ကူများ၊ Text Layout များ၊ iPhone wallpaper များကို မိမိ၏ ရုပ်ပုံများအစားထိုး၍ free download ရယူနိုင်သည့် funny site တစ်ခုကိုဖေါ်ပြပေးလိုက်ပါတယ်။ Logo များအနေနဲ့၊ Heineken logo, Corona Extra logo စသည်ဖြင့် အဆင်သင့်ရယူနိုင်ပြီး၊ ငွေစက္ကူများအနေနှင့် US, UK, Ukraine, Australian, Canadian, France, Singapore, Japanese, Saudi Riyal, China, Indian, Malaysian, Russia စသည်ဖြင့် ပါဝင်ပြီး နှစ်သက်ရာပုံနှင့် အစားထိုးခါ PNG file အဖြစ် download ရယူနိုင်ပါတယ်။

အသုံးပြုပုံမှာ ထည့်သွင်းလိုသည့် ပုံကို upload လုပ်၍ position arrow, zoom button များကို အသုံးပြုခါ download ရယူရုံပါပဲ။ Logo များ၊ Poem များနှင့် Text Layout များကိုဖန်တီးလိုပါက အဆင်သင့် ပေးထားသော စာသားများကို ရွေးချယ်နိုင်သလို နှစ်သက်ရာစာသားများကိုလည်း ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။

IP address အမှန်ကိုဖျောက်ထားပေးမည့် Platinum IP Hider 2.0.8.2 (Pre)

IP address အမှန်ကိုဖျောက်ထားပေးမည့် Platinum IP Hider 2.0.8.2 (Pre)



အကြောင်းအမျိုးမျိုးကြောင့် Internet အသုံးပြုချိန်များမှာ IP address အမှန် ကိုဖျောက်ထားလိုပါက အသုံးပြုနိုင်ပါတယ်။ မူရင်း IP address ကို အခြားနိုင်ငံများမှ တကယ်မသုံးသည့် IP address များနှင့်အစားထိုးပေးပါတယ်။ အစားထိုးလိုတဲ့ နိုင်ငံများကိုရွေးချယ်နိုင်ပြီး၊ Internet Explorer, Firefox, Opera, Maxthon, MyIE စသော Browser (Router) များအားလုံးနှင့် Add-on အဖြစ်အသုံးပြုနိုင်ပါတယ်။

Hide IP button ကို click နှိပ်ရုံနှင့် လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်တိုင်းမှာ IP address ကို automatic ပြောင်းလဲစေနိုင်ပြီး၊ launch at startup function ပါဝင်ပါတယ်။ Cracked ပြီးသား Portable နှင့် Window version ၂ မျိုးပါဝင်ပြီး၊ download လုပ်ခါ အသုံးပြုရုံပါပဲ။ Windows 2000/XP/Vista/7 (32-bit and 64-bit) များမှာအသုံးပြုနိုင်ပါတယ်။