Pages

Monday, May 10, 2010

How to create a link ourselves ??? Linking(လင့်ခ်ချိတ်နည်းအကြောင်း)

မိမိတို့  comment box ၏အပေါ်တွင်ဖြစ်စေ ၊ မိမိတင်လိုသော အသစ်တင်မည့် blog text box
သို့ မဟုတ်ပါက discussion text box တို့ ၏အပေါ်တွင်ဖြစ်စေ B (bold) , I (Italic) , U (underline) ,
paper ပုံ (attaching file), သံကွင်းပုံ (creating link) , သံကွင်းပြတ်ပုံ (removing link) စသည်တို့ 
ပါပေသည်။

B (bold) , I (Italic) , U (underline) တို့ ကို အသုံးပြုနည်းကိုမူ လူတိုင်းနားလည်ပေလိမ့်မည်။ ထို့ အတူ
ဖိုင်တစ်ခု (ရုပ်ပုံဖြစ်စေ၊ သီချင်းဖြစ်စေ၊ ဗီဒီယိုဖြစ်စေ) ထည့်လိုသောအခါတွင်လည်း paper ပုံ
(attaching file) သင်္ကေတကို အသုံးပြုရကြောင်း နားလည်ရန်လွယ်ကူပါလိမ့်မည်။

ထို့ ကြောင့် ယခု လင့်ခ်ချိတ်နည်းနှင့် လင့်ခ်ဖြတ်နည်းကို အဓိကပြောလိုပါသည်။

Linking (လင့်ခ်ချိတ်နည်း)

Step(1) လင့်ခ်မချိတ်ခင်တွင် မိမိရယူချိတ်လိုသောလင့်ကို အရင်ဦးစွာ ကော်ပီ (Ctrl+C) လုပ်ထားပါ။
Step(2) ထို့ နောက် မိမိချိတ်လိုသော စာသားတစ်ခုကို အရင်ရိုက်ပါ။
ဥပမာဆိုကြပါစို့  ... Click Here ဟုရိုက်ပြီး ၄င်း Click Here ကိုလင့်ခ်အဖြစ်ပြောင်းမည်ဆိုပါစို့ ။
Step(3) မိမိချိတ်လိုသော လင့်ခ်ကို copy လုပ်ပြီးနောက် ၄င်း Click Here စာသားကို select လုပ်လိုက်ပါ။
Step(4) ထို့ နောက် ၄င်း သံကွင်းပုံသင်္ကေတ (creating link) ကိုနှိပ်ပါ။
Step(5) နှိပ်ပြီးနောက် ပေါ်လာသော box တွင် url တောင်းပါမည်။ ထိုအခါ စောနက copy လုပ်ထားသော
လင့်ခ်ကို paste (Ctrl+V) ပြန်လုပ်ထည့်လိုက်ပါ။
Step(6) ထို့ နောက် OK ကိုနှိပ်လိုက်လျှင်ရပါပြီ။
Step(7) ထို့ နောက်တွင် Add comment သို့ မဟုတ် (ဘလော့ဂ်တင်သောအခါ) save ကိုနှိပ်ခြင်းအားဖြင့် လင့်တစ်ခုကို
ဖန်တီးနိုင်ပြီဖြစ်ပါသည်။


Unlinking (လင့်ခ်ဖြုတ်နည်း)

link ဖြုတ်တာက ကွန်းမန့် ပေးတဲ့အခါမှာတော့ မပါပါဘူး။ Blog post နဲ့ discussion တွေရေးတဲ့အခါမှပဲ text box တွေမှာပါတာပါ။ လင့်ခ်ဖြုတ်ရတာတော့ ဘာမှမခက်လှပါဘူး။ ကိုယ်ခုနက ချိတ်တဲ့လင့်ခ်ကို မကြိုက်ရင် select ပြန်လုပ်၊
ပြီးတဲ့အခါကျရင် အဲဒီ သံကွင်းပြတ်သင်္ကေတ (removing link) ကိုclick လုပ်လိုက်ရုံပါပဲ။ အဲဒါဆို လင့်ခ်ပျောက်သွားပြီး
ပုံမှန်စာသားအဖြစ်ပဲ ကျန်ရှိတော့မှာဖြစ်ပါတယ်။

No comments:

Post a Comment