Pages

Wednesday, October 6, 2010

acc1 ထဲကနေ acc2 ရဲ့ mail address နဲ့ စာပို့ ကြည့်ရအောင် ။

ရေးမယ်... ။ ရေးမယ်.. နဲ့ လုပ်နေတာတော့ တော်တော်ကြာပါပြီ ။ အခုတော့ ရေးလိုက်ပါတော့မယ် ။ ရေးလိုက်ပါတော့မယ် လို့ ပြောပြီးတော့လည်း ဘယ်က စရေးရမှန်း မသိသေးပါဘူး ။

ဒီဟာက ဒီလိုဗျာ .. ။ (ရှုပ်မသွားပါနဲ့ ဦး) ။ ဘယ်လိုလဲ ဆိုတော့ .... ကျွန်တော့်မှာ mail account 2 ခု ရှိတယ်ဗျာ ။ အဲ့ mail ကနေ အခြား နောက် mail အကောင့်တစ်ခုရဲ့ mail address နဲ့ စာပို့ လို့ ရတယ်လို့ ပြောတာပါ ။

ပြီးတော့ အဲ့ အခြားမေးလ်တွေ ဆီ ရောက်လာမဲ့ မေးလ်တွေကို အသုံးများတဲ့ ကျွန်တော့်မေးလ် ဆီ Forward လုပ်ထားလိုက်မယ်ဗျာ ။ အဲ့ဒါဆိုရင် အခြား mail အကောင့်တွေရဲ့ mail ကိုဖွင့်စစ်နေစရာမလိုတော့ပဲ အသုံးအများဆုံး mail တစ်ခုတည်းနဲ့ တင် အကုန်လုံး လုပ်လို့ ရသွားပြီပေါ့ ။

အဲ့ဒါဆို အရင်ဆုံး gmail ကို Multiple Sign In အရင် လုပ်ထားလိုက်နော် ။ အဲ့ဒါမှ အဆင်ပြေမှာမို့ လို့ ။
ပြီးရင် ကိုယ် အသုံးများဆုံး ဖြစ်တဲ့ mail address တစ်ခုကို sign in အရင်ဝင်လိုက်ပါ ။ ထပ်ပြီး နောက်အကောင့်တစ်ခုနဲ့ sign in ထပ်ဝင်လိုက်ပါ ဦး ။ ( ပြုလုပ်မဲ့ အကောင့်နှစ်ခုကို ယှဉ်လျက် ဖွင့်ခိုင်းထားတာပါ) ။ ဥပမာ - acc1 နဲ့ acc2 ပေါ့ ။ ( acc1 က ကိုယ် အသုံးအများဆုံး အကောင့်) ။

အဲ့ဒါဆို အခု ကိုယ် အသုံးအများဆုံး အကောင့်ဖြစ်တဲ့ acc1 ထဲကို acc2 ထဲ ကို ရောက်လာမဲ့ မေးလ်တွေ Forward လုပ်ပါတော့မယ် ။ အရင်ဆုံး acc2 ရဲ့ settings ထဲကို ၀င်လိုက်ပါ ။ ပြီးရင် Forwarding and POP/IMAP ဆိုတဲ့ tab ကို သွားလိုက်ပါ ။ အဲ့ဒါဆိုရင် add forwarding address ဆိုတဲ့ button လေးကိုတွေ့ တာနဲ့ click ပေးလိုက်ပါ ။

အဲ့ဒါဆို နောက်ထပ် box တစ်ခု ကျလာပြီး ကိုယ် forward လုပ်ချင်တဲ့ acc1 ရဲ့ address ကို ထည့်ပေးလိုက်ပါ ။ ထည့်ပြီးလို့ next လိုက်တာနဲ

့A confirmation code has been sent to verify permission. အဲ့လိုလေး ပေါ်လာပါလိမ့်မယ် ။

အဲ့ဒါဆိုရင် အရှေ့ မှာ ဖွင့်ထားတဲ့ acc1 ထဲကို ပြန်သွားလိုက်ပါ ။ verification code တစ်ခုပါတဲ့ gmail team က ပို့ လိုက်တဲ့ mail တစ်စောင် ရောက်နေပါလိမ့်မယ် ။ မရောက်သေးရင်လည်း ခဏစောင့်ပြီး Refresh လုပ်ပေးလိုက်ပါ ။( verification code ပို့ ပေးပြီး အဲ့ code ကနေ confirm ပြန်လုပ်ရမှာပါ ။ မိမိ အကောင့် ဟုတ်မဟုတ် သေချာအောင်လို့ ပေါ့ ။ တစ်ခြား အကောင့်တွေ မှားပြီး ထည့်လိုက်ရင် code ထည့်လို့ ရမှာ မဟုတ်လို့ ပါ။)

အဲ့မေးလ်ကိုဖွင့်ပြီး confirmation code ကို copy ကူးလိုက်ပြီး acc2 ရဲ့ ခုန ပြုလုပ်ထားခဲ့တဲ့ နေရာမှာ code ထည့်ဖို့ box လေးတစ်ခု ရောက်နေပါလိမ့်မယ် ။ အဲ့ထဲကို အဲ့ဒါလေး paste ပြန်လုပ်ပြီး verify ကို နှိပ်လိုက်တာနဲ့ acc2 ထဲ ကို ရောက်ရှိလာမဲ့ mail တွေအကုန်လုံးကို acc1 ထဲကို automatic forward လုပ်ပေးပါလိမ့်မယ် ။

အဲ့ဒါဆိုရင် acc1 ထဲမှာ acc2 ထဲက ရောက်လာမဲ့ မေးလ်တွေ အတွက် label လေး တစ်ခု ဆောက်ပြီး filter လေး လုပ်ပေးလိုက်မယ် ဆိုရင် acc2 ထဲက ရောက်လာမဲ့ မေးလ်တွေ အကုန်လုံး label လေး တစ်ခုထဲမှာ တစ်စုတစ်စည်းထဲ ဖြစ်သွားပါလိမ့်မယ် ။ (ဒီနေရာလေးမှာ filter လုပ်ပုံလုပ်နည်း ကိုရေးပေးထားပါတယ် ။)

အဲ့ဒါဆိုရင် acc2 ရဲ့ mail ကို ဖွင့်စရာမလိုတော့ပဲ acc1 မှာပဲ ပြည့်စုံသွားပြီ ဖြစ်ပါတယ် ။

အဲ့ဒါဆိုရင်တော့ မေးစရာ ရှိလာပါပြီ။ acc2 မှာ reply ပြန်စရာ မေးလ် ရှိရင် ဘယ်လို လုပ်မလဲ ပေါ့... ။ ဟဲ ဟဲ .. ။ မပူပါနဲ့ .. အပေါ်မှာ ပြောခဲ့ပြီးပြီပဲ ... ။ acc2 ရဲ့ mail နဲ့ ပဲ acc1 ထဲမှာပဲ ပို့ လို့ ရပါတယ်လို့ ... ။
ကဲ .. ဒါဆို ..နောက်တစ်ကွက် စမယ် ... ။ (ခုနက ဖွင့်ထားတဲ့ အကောင့်နှစ်ခု လုံး မပိတ်လိုက်နဲ့ ဦးနော်) ။

အခုလုပ်ရမှာက acc1 မှာ ။ settings ထဲကို ၀င် -->> ပြီးရင် account and import tab ထဲကို သွား ။

အဲ့မှာ send mails as ဆိုတဲ့ နေရာလေးမှာ send mail from another mail address ဆိုတဲ့ button လေးကိုတွေ့ တာနဲ့ ... မျက်စိမှိတ်ပြီးသာ နှိပ်ပစ်လိုက် ။ အဲ့ဒါဆိုရင် new window တစ်ခုနဲ့ name ရယ် ( name ကတော့ လောလောဆယ် acc1 ရဲ့ name ဖြစ်နေလိမ့်မယ်) email address ရယ် ဆိုပြီး လာတောင်းလိမ့်မယ် ။ အဲ့ဒါဆိုရင် acc2 က မိမိရဲ့ နာမည် နဲ့ ပဲလား ။ မိမိ နာမည် နဲ့ မဟုတ်ဘူး နောက် နာမည် တစ်မျိုးနဲ့ ဆိုရင် Name ကို ပြောင်း ပြီးရင် acc2 ရဲ့ mail address ထည့်ပေးလိုက်ပြီး next step ကိုနှိပ် ။ ( mail account တစ်ခုကို နာမည် တစ်မျိုးနဲ့ ချက်နေကြတဲ့ သူတွေ အတွက်ပေါ့)

နှိပ်ပြီးရင် Verify your email address ဆိုပြီး Send Verification ကို နှိပ်လိုက် ။ အဲ့ဒါဆိုရင် code ထည့်ရမဲ့ window လေး တစ်ခု ကျန်ခဲ့လိမ့်မယ် ။

ပြီးရင် ခုနလိုပဲ acc2 ကို ပြန်သွား ။ mail တစ်စောင် ရောက်နေလိမ့်မယ် ။အဲ့က code ကို ယူပြီး box လေးမှာ ထည့်ပေးပြီး verify ကို နှိပ်လိုက်တာနဲ့ ... ။

acc1 ရဲ့ send mail as ဆိုတဲ့ နေရာလေးမှာ (ခုနက ဖွင့်ထားတာနော် အဲ့နေရာမှာပဲ) မေးလ် အကောင့် နှစ်ခု ၀င်သွားတာ တွေ့ ရပါလိမ့်မယ် ။ အဲ့မှာ ကိုယ့်ရဲ့ acc1 က default ဖြစ်နေမှာ ဖြစ်ပြီး acc2 ကိုလည်း ပြင်ချင် ရင် edit info ဖျက်ချင်ရင် delete ဆိုတာလေးတွေကိုတွေ့ ရပါလိမ့်မယ် ။

အရင်တုန်းကနဲ့ မတူပဲ ဘယ် မေးလ်နဲ့ ပို့ မှာ လဲ ဆိုတဲ့ Box လေးတစ်ခု ကိုတွေ့ ရပါလိမ့်မယ် ။ နောက်ထပ် အကောင့် သုံးခု ရှိလို့ နောက် အကောင့်ကို အဲ့လို မျိုးလုပ်ချင်သေးတယ် ဆိုလည်း အပေါ်က အဆင့်တွေ အတိုင်း ရှိသမျှ အကောင့်တွေ အကုန်လုံးကို လိုက် လုပ်ပေးနိုင်ပါတယ်..........

No comments:

Post a Comment