Pages

Saturday, October 16, 2010

မကျော်တတ် မခွတတ်သူများ သို့မဟုတ် ဆိုဒ်ကို ကြည့်မရဘူးလို့ပြောနေသူများအတွက်

မကျော်တတ် မခွတတ်သူများ သို့မဟုတ် ဆိုဒ်ကို ကြည့်မရဘူးလို့ပြောနေသူများအတွက်

by Mg Satan on Wednesday, September 29, 2010 at 5:50pm

ရတနာပုံတယ်လီပို့ က လူတွေဆိုရင် ကျော်စရာမလိုပဲ ကြည့်လို့ရကြပါတယ်။ MPT သမားတွေကျတော့ unable to connect ဖြစ်ပြီး ကြည့်မရကြပါဘူး။

အဲဒါဆိုရင် ကော်နက်ရှင်ကို auto detect သို့မဟုတ် no porxy လုပ်ပြီး ကြည့်လို့ရပါတယ်။ အဲဒါတွေ မပြောင်းတတ်ရင်တော့ အောက်က ပြောသလိုလေး

ကျော်ကြည့်ကြပါ။

ပထမဦးဆုံးကတော့ ကျော်တဲ့ဆိုဒ်ဖြစ်တဲ့ www.polysolve.com ကိုအရင်သွားပါ။

ပြီးရင် အောက်ကပုံပါအတိုင်း ကွက်လပ်ထဲမှာ ကျနော့် လိပ်စာ လေး ထည့်ပြီး Being Solving ဆိုတဲ့ခလုတ်ကလေးနှိပ်ပေးရပါမယ်။

အဲ့လို Being Solving ကိုနိပ်လိုက်ရင် ကျနော့်ဘလော့ဂ် အ၀င်မှာ Warning Page လေးကျလာပါလိမ့်မယ်။

ပုံကို အောက်တွင်ကြည့်ပါ။

လိမ္မော်ရောင် I understand and i wish to continue ဆိုတဲ့ Button လေး နဲ့

အပြာရောင် I do not wish to continue ဆိုတဲ့ Button လေးနှစ်ခုတွေ့ပါလိမ့်မယ်။

အဲ့နှစ်ခုထဲက လိမ္မော်ရောင် I understand and i wish to continue ဆိုတာလေးကို click ခေါက်ပေးပါ။

အဲ့ဒီအခါမှာ ပထမဦးဆုံး တွေ့ခဲ့ပုံလေးလို www.polysolve.com ရဲ့ home page ကို ပြန်ရောက်သွားပါလိမ့်မယ်။

အစ ပထမကဖြည့်သလို အကွက်ထဲမှာ ကျနော့် ဘလော့ဂ်လိပ်စာလေး ထပ်ပြန် ရိုက်ပြီး Being Solving ဆိုလေးကို click ထပ်ခေါက်ပေးပါ။

အဲဒါဆိုရင် အိုကေသွားပါလိမ့်မယ်။

သတိပြုရန်

လူတော်တော်များများ www.polysolve.com စာမျက်နှာပြန်ရောက်သွား တော့ မရဘူးထင်ပြီး လက်လျှော့သွားကြတာပါ။

အမှန်က နောက်တစ်ခါ ထပ်ရိုက်ထည့်ပြီး ကျော်လိုက်ရင် အဆင်ပြေပါတယ်။

No comments:

Post a Comment