Pages

Saturday, November 13, 2010

Creating Web Pages with HTML

Creating Web Pages with HTML

Creating Web Pages with HTML
Part ( 1 )
Introduction

HTML ဆိုတာ Hyper Text Markup Languages ပါ ။ ယနေ့အင်တာနက်မီဒီယာမှာ
မြင်တွေ့နေရတဲ့ Websites တွေရေးသားဖို့ အခြေခံအကျဆုံး program တစ်ခုပါပဲ
။Web designer? Web developmer တွေအတွက်သာမက Social Network
အသုံးပြုတဲ့သူတွေ၊ blog တည်ဆောက်သူတွေအတွက်ပါ HTML ဘာသာရပ်က
မရှိမဖြစ်လိုအပ်လှပါတယ်။ HTML ဆိုတာ ဘာလဲလို့ သိချင်ရင် ပထမဆုံးအနေနဲ့
Website တစ်ခုဖွင့်လိုက်ပါ။ ပြီးရင် menu bar ကView မှာရှိတဲ့ page source
ကိုဖွင့်လိုက်ပါ။ အဲဒီ့မှာ ထွက်ပေါ်ကျလာတဲ့ New box ထဲက စာသားတွေဟာ အဲဒီ့
Web page ကိုရေးသားထားတဲ့ HTMLတွေပါပဲ။ ကဲ...ဒါတွေ ဘယ်လိုရေးရတာလဲ ?
လေ့လာကြည့်ကြစို့လား....။

အရင်ဆုံးအနေနဲ့ သင်ဟာဒါလေးတွေတော့ သိဖို့လိုအပ်ပါတယ်။ folderတည်ဆောက်တာ၊ ထို folder ထမှာ ထပ်ဆင့် folder တည်ဆောက်တာ၊
စာပိုဒ်တစ်ခုကို Copy ကူးပြီးနောက်တစ်နေရာမှာ Paste ချတာ၊ ပုံတစ်ပုံကို
Save as picture ဆိုပြီးသိမ်းရမယ့်File ထဲသိမ်းတတ်တာ၊ ဒီလောက်သိထားရင်
အဆင်ပြေပါပြီ။
Markup < > နဲ့ ရေးတာတွေကို Tag လို့ ခေါ်ပြီး Markup < >
အဖွင့်အပိတ်ကြားထဲက လိုအပ်တဲ့စာသား၊ ရုပ်ပုံတွေ ထည့်ရတာကို Data လို့
ခေါ်ပါတယ်။
ရှင်းလင်းအောင်ပြရရင် ဒီလိုပါ...။

Data

Tag

Webpage ရေးသားဖို့ အခြေခံ Format ကအောက်ပါအတိုင်းဖြစ်ပါတယ်...။

မိမိရေးသားမည့်အကြောင်ရေးလိုသည့်အကြောင်းအရာများ
အထက်ပါ Format ကိုလေ့လာကြည့်ရင်
tag အဖွင့်ရေးပြီးရင် အပိတ်ပြန်ရေးတာ၊
စသဖြင့် tag
အဖွင့်ရှိရင် ပြန်ပိတ်ပေးရတာ သတိပြုမိမယ် ထင်ပါတယ်။
Browser မှာ ပြန် run တဲ့အခါ ထဲက
ကိုယ်ရေးတဲ့ စာသားဟာ browser ရဲ့ main window မှာ မြင်ရမှာ ဖြစ်ပါတယ်။
Lesson (1) ကိုမစမီ ကိုယ့်ကွန်ပျူတာမှာ Mozilla Firefox (သို့) Internet Explorer
ရှိနေဖို့ လိုအပ်ပါတယ်။ဒီ browser နှစ်ခုဟာ အသုံးအများဆုံး Web browser
တွေဖြစ်တဲ့အတွက် ဒါတွေနဲ့ အဆင်ပြေအောင် ရေးနိုင်ရင်ကျန်တဲ့ browser
အားလုံးနဲ့လဲ လိုက်လျောညီထွေ ရှိပါတယ်။

LESSON ( 1 )

ပထမဆုံး Notepad ကိုဖွင့်ပါ။
Start> All Program > Accessories >Notepad
Notepad ထဲမှာ အောက်ပါအတိုင်းရိုက်ပါ။

ပြီးရင် ဒီ Notepad ကို ဖိုင်တစ်ခုအနေနဲ့ သိမ်းပါမယ်။( Cyber မှာသုံးတဲ့လူအတွက်ကတော့ လွယ်လွယ်ကူကူ Desktop
ပေါ်သိမ်းလိုက်ပါ။ဒီနေရာမှာတော့ Drive D:/ ထဲကနေ သိမ်းတာပြပါမယ်)
Drive D:/ ထဲမှာ New Folder တစ်ခုတည်ဆောက်ပါ။၎င်းFolder ကို 'Dogs' ဟုအမည်ပေးပါ။ ထိုအမည်ပေးပြီးသား
Folder ကို Double click လုပ်လိုက်ရင် ၎င်း 'Dogs အမည်ဟာ Save in box
ထဲမှာသွားပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် File name ရဲ့ textbox
ထဲမှာ index.html လို့ ရိုက်လိုက်ပါ။
ထို့နောက် Save as type ရဲ့ drop-down list ကိုဆွဲချပြီး All File ကိုရွေးချယ်လိုက်ပါ။ပြီးရင် Save ကို click ပါ။
[ Web page တိုင်းအတွက် .html (သို့) .htm အသုံးပြုရပြီး home page တိုင်းအတွက် file name ကို index.html အဖြစ် အသုံးပြုရပါတယ်]
ဒါဆိုရင် အခု Home Page တစ်ခုရေးဖို့အတွက် File တစ်ခု တည်ဆောက်ပြီးပါပြီ။
ဆက်ရေးကြည့်ကြရအောင်..။
tag ရဲ့အောက်မှာ အောက်ပါအတိုင်းရိုက်ပါ။

Your Name ရဲ့နေရာမှာ သင့်နာမည်ကိုအစားထိုးပါ။
[ ကို comment လို့ခေါ်ပါတယ်။ဒါကို browser မှာမြင်တွေ့ရမှာ
မဟုတ်ပါဘူး။တစ်စုံတစ်ယောက်က HTML coding တွေကိုကြည့်တဲ့အခါမှသာ
မြင်တွေ့ရမှာပါ။]
tag ရဲ့အောက်မှာအခုရေးသားမယ့် page အတွက်ခေါင်းစဉ်ရိုက်ကြရအောင်..။အောက်ပါအတိုင်းဖြစ်ပါတယ်။

A Home Page About Dogs

ဒါလေးတွေကို တစ်ဆင့်ခြင်းရိုက်ပြီးပြီဆိုရင် ကိုယ့်ရဲ့ Notepad ထဲမှာရိုက်ပြီးသား
Coding တွေကို တစ်ချက်ပြန်စစ်ကြည့်ရအောင်။ Your Name နေရာမှာတော့ thuthu
လို့ဖြည့်ထားပါတယ်. ။ မိတ်ဆွေများကတော့ မိမိနာမည်ပေါ့။

A Home Page About Dogs

Coding တွေပြန်စစ်ကြည့်လို့မှန်သွားပြီဆိုရင် ဒီ File လေးကို Browser မှာ ပြန် Run ကြည့်ပါမယ်။ MZ (သို့) IE နှစ်သက်ရာအသုံးပြုပါ။ဒီမှာတော့ IE နဲ့ပြပါမယ်။
Internet Explorer > File > Open > Browse >
Browse ကနေမိမိရဲ့ Dogs File အောက်က Index.html ကိုရွေးပြီး Double Click ပါ။
ဒါဆိုရင် browser ရဲ့title bar မှာA Home Page About Dogs
ဆိုတာမြင်တွေ့ရမှာဖြစ်ပြီး Address နေရာမှာတော့ ကိုယ့်အမည်ပေးခဲ့တဲ့ File
နာမည်နဲ့ လာရာလမ်းကြောင်းကို မြင်တွေ့ရမှာဖြစ်ပါတယ် ။ဘာစာမှ ရိုက်ထားခြင်း
မရှိသေးတဲ့အတွက် browser ရဲ့ main window မှာတော့ ဘာမှမြင်တွေ့ရမှာ
မဟုတ်ပါဘူး။
Coding ဆက်ရေးကြပါစို့။
ရဲ့အောက်မှာ အောက်ပါအတိုင်း ရိုက်ပါ။

Dogs Home Page

ပြီးရင် Save ပါ။ထို့နောက် Browser ကိုပြန် Run ကြည့်ပါဦး။အခုဆိုရင် browser ရဲ့
main window မှာ Dogs Home Page ဆိုပြီးစာတစ်ကြောင်းပေါ်နေတာ မြင်တွေ့ရမှာ
ဖြစ်ပါတယ်...။
ဒီစာသားဟာ ဘာမှပြုပြင်ပြောင်းလဲခြင်းမရှိဘဲ ရိုးရိုးသာမာန်စာလုံးအနေနဲ့သာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဒီစာလုံးကိုပဲ အကြီး၊
အသေး၊ ကာလာအရောင် ၊ပိုထင်ရှားအောင်လုပ်တာ စသဖြင့်
အမျိုးစုံပြောင်းလဲပေးနိုင်ပါသေးတယ်။Notepad ထဲက coding တွေဘက်ပြန်လှည့်ကြည့်ကြရအောင်..။

စာလုံးတွေပြင်တာဖြစ်တဲ့ အတွက် ဆိုတဲ့ tag ကိုအသုံးပြုပါမယ်။အခြေခံအားဖြင့်သုံးလို့ အဆင်ပြေနိုင်တဲ့ font တွေက "verdana" , "arial" , "helvetica"
စသည်တို့ဖြစ်ပါတယ်။ အသုံးအများဆုံးကတော့ arial ပေါ့ ။ attribute က face
ပါ..။အောက်ပါပုံစံပေါ့..။

or

ဒီနေရာမှာ မျက်တောင်အဖွင့်အပိတ်လို့ခေါ်တဲ့ quote ကိုထည့်မယ်ဆိုရင် နှစ်ဖက်စလုံးထည့်ပေးရပါမယ်..အလျှင်းမထည့်ဘဲ ရေးလို့လဲ ရပါတယ်။ quote အဖွင့်ရေးပြီး အပိတ်ကျန်ခဲ့တာမျိုးတော့ မရပါဘူး။ သတိပြုရမှာက စာကြောင်းအဆုံးမှာ ထည့်ပေးရပါမယ်...။

စာလုံးအကြီး၊ အသေးကိုတော့ attribute အဖြစ် size ကို အသုံးပြုပါမယ်။
Dogs Home Page

ကိုယ်လိုချင်တဲ့ အကြီး၊ အသေး၊ အချိုးအဆ အတွက်လိုအပ်သလို Plus sign (or) Minus sign ၊
ကိန်းဂဏန်းအနည်းအများ စသည်ဖြင့်ပြောင်းလဲအသုံးပြုနို
င်ပါတယ်။စာလုံးကိုကြီးစေချင်ရင် Plus sign ၊သေးစေချင်ရင် Minus sign ပါ။

အရောင်အတွက် attribute အဖြစ် Color ကိုအသုံးပြုပါမယ်။

Dogs Home Page

Color အတွက်ကြိုက်နှစ်သက်ရာ အရောင်နာမည်အမျိုးမျိုး ထည့်နိုင်ပါတယ်။အရောင်စပ်တွေအတွက် color code တွေလည်းထည့်နိုင်ပါတယ်။
ဥပမာ- #ffffcc , #00ff00 စသဖြင့် ထိုအရောင် coding များကို www.webmenkey.com/reference/color-codes များတွင် ရယူနိုင်ပါတယ်။အခြား site များမှ ရှာဖွေချင်လျှင် Google Search တွင် ( htmlcolor codes ) ဟုရိုက်ထည့်၍ ရှာဖွေနိုင်ပါသည်။

စာလုံးကို Bold တင်ရန် Attribute ကိုသုံးပါမည်။ နဲ့လည်းပြန်ပိတ်ပေးရပါမယ်။

Dogs Home Page

ပြီးရင် Notepad ကို Save ပါ။ထို့နောက် Browser ကိုပြန် Run ကြည့်ပါ။ Color အမျိုးမျိုး ၊ အကြီးအသေးအမျိုးမျိုးပြောင်း၍ Browser ၌ဖြစ်ပေါ်ပြောင်းလဲပုံ
အမျိုးမျိုးကိုလေ့လာကြည့်နိုင်ပါသည်။
စာလုံးအကြီးအသေး၊ စာလုံး Font အမျိုးမျိုး ၊အရောင်အမျိုးမျိုးကို သုံးတတ်သွားပြီဆိုလျှင် မူလအတိုင်းပြန်ထားလိုကပါ။အခုဆိုရင် Notepad မှာအောက်ပါအတိုင်း Coding များကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်.။ပြန်စစ်ကြည့်ပါဦး..။။

A Home Page About Dogs

Dogs Home Page

ထို Notepad ကို Save ၍ Browser မှာ Run ကြည့်တဲ့အခါ အောက်ပါအတိုင်းတွေ့ရမှာ ဖြစ်ပါတယ်...။

LESSON-1 အနှစ်ချုပ်

-ရေးသမျှစာသားတွေအားလုံး အဖွင့်နဲ့ အပိတ်ထဲမှာ ဖြစ်ရပါမယ်။
-title bar မှာခေါင်းစဉ်ပေါ်စေရန် အဖွင့်နှင့် အပိတ်ထဲတွင် အဓိကခေါင်းစဉ်ထည့်ပေးရပါမယ်။
[ မှတ်ချက်။။ အပိတ်ကျန်ခဲ့လျှင်coding မှား၍ စာမပေါ်ပါ။။ ]

-main window တွင်ရေးသမျှ စာအားလုံး အဖွင့်နှင့် အပိတ်ထဲတွင် ဖြစ်ရပါမယ်။
-(1) စာလုံးအတွက် attribute က face
-(2)အရွယ်အစားအတွက် attribute က size
-(3)အရောင်အတွက် attribute က color
-အထက်ပါ (၃) ချက်များအတွက် tag အဖြစ် ကိုသုံးရပါမယ်။
-Bold တင်ရန် အဖွင့်နှင့် အပိတ် ပါရပါမယ်။
Lesson-1 ကတော့ဒီလောက်သိပြီဆိုရင် အဆင်ပြေပါပြီ။ Lesson -2 မှာစာပိုဒ်ထပ်ထည့်ကြပါမယ်။ အဲဒီ့စာပိုဒ်ကို ဘယ်၊ ညာလည်း
ရွှေ့ကြည့်ကြမှာဖြစ်သလို၊ စာတစ်ကြောင်းစီဆင်းတာ၊ Bullets တပ်တာ၊
နံပါတ်စဉ်တပ်တာ၊ Link ချိတ်တာစသဖြင့် ဆက်လေ့လာကြည့်ကြပါမယ်။
အခုရေးသားပြီးသား Lesson-1 ကို Delete မကြွေးလိုက်နဲ့ဦးနော်။ တစ်ဆင့်ပြီးတစ်ဆင့်ဒါလေးကိုပဲပြီးအောင် ဆက်ရေးသွားမှာမို့ နောက်ဆုံးမှာပြီးပြည့်စုံတဲ့ Webpage တစ်ခုအဖြစ်မြင်တွေ့ကြရမှာပါ။ မိမိကွန်ပျူတာမှာ (သို့) Memory stick (သို့)
MP4 ထဲမှာခေတ္တခဏသိမ်းဆည်းထားပါဦး။

No comments:

Post a Comment