Pages

Sunday, November 21, 2010

How to Upload Photos in Picasa

သိပြီးသား ညီအစ်ကိုမောင်နှမများအတွက် ဘာမှ မဟုတ်ပေမဲ့ ..မသိသေးသူများအတွက် ရည်ရွယ်တင်ပေးလိုက်ပါတယ်…ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာမှာ ရှိတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ဓာတ်ပုံပို့ရတာတော်တော် စိတ်ပျက်စရာကောင်းလောက်အောင် ဖြစ်တတ်လို့ပါ…..အရင်ဆုံး ပီကာဆာ ကို ဖွင့်…ပြီးရင် ဒီမှာ အနီလေးတွေနဲ့ ၀ိုင်းပြပေးထားတဲ့ အတိုင်း လုပ်ရင် အဆင်ပြေပါပြီ…

file ကနေ add folder to picasa ဆိုတာကို ကလစ်..


ကိုယ့်ကွန်ပျူတာ ဒရိုက်ထဲမှာ ရှိတဲ့ ဓာတ်ပုံထည့်ထားတဲ့ဖိုဒါထဲက တစ်ခုကို ရွေးပြီး scan ဖတ်ပေးလိုက်..(ဖိုဒါနာမည်ကို အင်္ဂလိပ်လို ပေးတာ ကောင်းပါတယ်.)

စကမ်ဖတ်ပြီးရင် ညာဖက်နားမှာ ခုန ဖိုဒါလေး ပေါ်လာတယ်..အဲ့ဖိုဒါပေါ်ကို right click ထောက်ပြီး upload to web Albums ဆိုတာကို ကလစ်ပေး…

အဲ့ဒီမှာ အပ်လုပ်တင်နေတာလေးကို မြင်ရလိမ့်မယ်…


ဖိုဒါတစ်ခုကို ကိုယ်က အပ်လုပ်တင်ပြီးပြီလား မတင်ရသေးဘူးလား ဆိုတာကို ဒါမျိုး အမှတ်အသားလေးကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်…

နောက်ဆုံး ပြီးသွားရင် upload complete ဖြစ်တယ်ဆိုတာကို ပြတယ်…အဲ့ဒီကိုယ်တင်လိုက်တဲ့ဖိုဒါမှာ ဓာတ်ပုံအရေအတွက် ဘယ်လောက်ပါတယ်ဆိုတာကိုပါ ပြထားတယ်….
အားလုံးပဲ အဆင်ပြေပါစေ…

No comments:

Post a Comment