Pages

Sunday, September 12, 2010

Blog များတွင် အရောင်လေးနဲ့  ရေးတင်ကြမယ်

Blog များတွင် အရောင်လေးနဲ့  ရေးတင်ကြမယ်
နောက်ပိုင်း Ning Website ဟာ Blog တင်တာနဲ့  ပတ်သက်ပြီး တခြား Website များနဲ့  ပုံစံတူ ပြုပြင်လာတဲ့အခါ စာရေးတင်သူများအတွက် လွယ်ကူလာပါတယ်…

မိမိရေးတင်တဲ့စာများမှာ အရောင်လေးနဲ့  တင်တဲ့အခါ စာဖတ်တဲ့သူ လွယ်ကူစွာ ဖတ်နိုင်တဲ့အတွက် စိတ်ဝင်စားမှုလည်း ပိုလာမယ်လို့  လွမ်းထင်ပါတယ်…


စာရေးတင်တဲ့အခါ ဘယ်လိုအရောင်နဲ့  ခွဲရေးသင့်တယ်ဆိုတာ ရေးထားသောစာများ ဖတ်ရင်းနဲ့  လေ့လာသွားသင့်ပါတယ်…



Ning Website တွင် မိမိရေးသားသောစာအား အရောင်ဖြင့် ထည့်ခြင်း


လွမ်းရေးသားနည်းကို အဆင့်ဆင့် တင်ပြပေးသွားပါမယ်…


၁။ မိမိရေးသားသောစာကိုMicrosoft Word မှာ အရင်ရေးသားထားရပါမယ်… ရေးထားသောစာမှာ အရောင်နဲ့  Design ကို ပြုပြင်ထားရပါမယ်…


ကဗျာကို Center align လုပ်ရေးတာ လှပေမဲ့ ဆောင်ပါး၊ ၀တ္ထုရေးတင်တဲ့အခါ Left Align or Justify က ကြည့်လို့  ကောင်းပါတယ်…


Poem Sample


၂။ မိမိစိတ်ကြိုက် ပြုပြင်ပြီး စာ၊ ကဗျာများကို Select All လုပ်ပြီးCopy ကို Click လုပ်ခဲ့ပါ…


Copy on Poem


၃။ မိမိစာမျက်နှာရဲ့ Profile Photo အောက်ဖက်မှာ ဘလော့များ (Blog Posts) ဆိုတာကို Click လုပ်ပြီး Add a Blog Post ဆိုတာကို Click လုပ်ရင်ပဲဖြစ်ဖြစ်၊ မိမိရေးသားထားသော Blog Post များအောက်ဖက်ရှိ +Add a Blog Postဆိုတာကို Click လုပ်ရင်ပဲဖြစ်ဖြစ် မိမိရေးထည့်ရမည့် Box ပေါ်လာမှာ ဖြစ်ပါတယ်…


Add blog1

Add Blog2


၎။ Micosoft Word မှာ Copy လုပ်ထားတာကို Box ရဲ့ Rich Text မှာ Paste လုပ်ထည့်ရမှာ ဖြစ်ပါတယ်… ကိုယ်ရေးတဲ့ စာ၊ ကဗျာ ခေါင်းစဉ်ကို Title မှာ ထည့်ပေးရမှာပါ…


Insert Poem


၅။ စာ၊ ကဗျာများတွင် ပုံထည့်လိုသောအခါ ထည့်လိုသောနေရာတွင် Cursor ချထားပါ…


Tool Bar ပေါ်တွင်ရှိInsert Image ကို Click လုပ်သည့်အခါ Dialog Box ပေါ်လာပါလိမ့်မယ်…


Insert Image

မိမိစက်ထဲတွင်ရှိသောပုံကို ထည့်လိုသောအခါBrowse ကို Click လုပ်ပြီး ရွေးချယ်ထည့်ရပါမယ်…


ပုံရဲ့ HTML Code ကို သိပါက http://ဟု ပေါ်နေသော Box ကို အသုံးပြုပြီး ထည့်ရမှာ ဖြစ်ပါတယ်…


Insert Dialogue


၆။ ထည့်ပြီးသည်နှင့်HTML ကို Click လုပ်ကြည့်လျှင် Code များရေးထည့်ထားပြီး ဖြစ်တာကို တွေ့  ရပါလိမ့်မယ်… HTML Code သဘောတရားကို အနည်းငယ်တီးခေါက်မိပါက တချို့  သောနေရာများကို Code ထဲတွင် ပြုပြင်ပေးနိုင်ပါတယ်…


HTML Code


၇။ Tag တွင် မိမိနာမည်သော်လည်းကောင်း၊ ၀တ္ထု၊ ကဗျာ၊ ဆောင်ပါး စသဖြင့်သော်လည်းကောင်း မိမိပိုင်စာမျက်နှာပေါ် မူတည်၍ ထည့်ပေးရပါမယ်…
တင်မည့် ဘလော့ကို
preview အရင် ကြည့်ပါ… ပြင်ရန်လိုအပ်ပါက Back နဲ့  ပြန်သွားပြီး ပြုပြင်ပါ… စိတ်ကြိုက်ဖြစ်ပြီဆိုမှ Publish လုပ်ပါ…


Preview

ယခုရေးသော Blog Post တင်နည်းမှာ တခြားသော Website များတွင်ပါ အသုံးပြု၍ ရပါတယ်…



သဘောတရားချင်း တူညီတာကို နှိုင်းယှဉ်တင်ပြလိုက်ပါတယ်…


Ning Webpage


Ning Site

Blogger Webpage


Blogger


ကွန်ပျူတာကို အသုံးချရင်း နည်းပညာများတိုးတက်ပါစေ…

No comments:

Post a Comment