Pages

Sunday, September 12, 2010

Gmail မှာ filter ထည့်နည်း

Gmail မှာ Filter ထည့်နည်းလေးကို မိတ်ဆက်ချင်ပါတယ် တော်တော်များများတော့သိပြီးသားဖြစ်မှာပေါ့ ( သိရင်လဲ ငြိမ်ငြိမ်နေဗျာ ကျနော်တစ်ယောက်တည်းပွားချင်လို့ ) :)

ပထမဆုံး…Filter ကို အရင်ပြောပြပါ့မယ်.. ကျနော်တို့ဆီကို မေးလ် တွေဝင်တယ် ဟုတ်ပြီ အဲ့မေးလ်တွေထဲကမှ မလိုချင်ပဲပို့ပေးနေတဲ့ Spam တွေ ရှိမယ် Fwd တွေရှိမယ်…

ဒါတွေကို နေ့တိုင်းဝင်ဝင်ဖျက်နေရရင်… မသက်သာဘူးလေ..အဲ့ထက်ဆိုးတာက ကိုယ်က တစ်နေရာရာကို သွားမယ် .. အင်တာနက်မရှိနိုင်တဲ့နေရာမှာ တစ်လလောက်ကြာမယ်

ပြန်လာမယ်မေးလ်တွေက ပွစိတက်နေမယ် Spam တွေကော.. Fwd တွေကော …. အကုန်ဖျက်ပစ်လို့လဲ မဖြစ်ဘူး..ချစ်သူဆီက မေးလ်တွေက လဲ ရှိနေဦးမယ် ဆိုရင်…….

ဟိုရှာလိုက် ဒီရှာလိုက်နဲ့…. အချိန်တွေကုန်တာပေါ့ .. ဟိုဖျက်ဒီဖျက်နဲ့ အဲလိုမဖြစ်ရအောင် Filter လေးတထပ်ခံထားကြည့်မယ် ပထမဆုံး… မလိုချင်တဲ့မေးလ် ကိုဖျက်မယ် ..

မလိုချင်တဲ့မေးလ်တစ်စောင်ကို select လိုက်ပါ အပေါ်နားက More Actions ကိုတစ်ချက်နှိုပ် နောက် Filter message like that ကိုရွေးပါ နောက် ထပ် box တက်လာ

ရင် Next Step ကိုပဲရွေးပေးပါ အဲဒီ့မယ် Action ရှစ်မျိုးပါပါတယ် မလိုချင်တဲ့မေးလ် ဆိုရင်..delete it ကို အမှန်ခြစ်ပေး Creat Filter ပေါ့…ဒါမှမဟုတ် Star ပြချင်တာလား…

Fwd ချင်တာလား.. ရွေးပေးလို့ရပါတယ်..တကယ်လို့ ဖျက်ချင်တာမဟုတ်ဘူး တစ်စုတစ်စည်းထဲ ထားချင်တာဆိုရင်တော့ .. Apply the lable ကိုရွေး Choose label က

new lable ကိုရွေး နာမည်ပေးပေါ့ ဥမပါ အဲ ဥပမာ : ချစ်သူဆီကမေးလ်တွေကို သီးသန့်ထားချင်တာဆို “ ချစ်သူထံမှ ” ပေါ့…ဒါမှ မဟုတ် ဘော့စ် ဆီကဆိုရင်လည်း

လူဖြစ်ရတဲ့ဒုက္ခ ပေါ့ :P နောက်ဆိုချစ်သူဆီကမေးလ် ဝင်သမျှ ဟာ ချစ်သူ့ထံမှ ဆိုတဲ့ lable လေးထဲမှာ ဝင်နေပါလိမ့်မယ် … တစ်စုတစ်စည်းထဲ ရှိနေတာပေါ့…. နောက်ထပ်

label တွေခွဲပြီးတော့ Filter တွေအများကြီးလုပ်ထားလို့ရပါတယ်…….

No comments:

Post a Comment