skip to main |
skip to sidebar
Facebook အသုံးပြုသူများအတွက် Facebook ကိုအကြောင်းအမျိုးမျိုးကြောင့် မသုံးလိုတော့ပါက လုံးဝ၊ လုံးဝ၊ permanetly ဖျက်ပစ်လိုက်တဲ့နည်းပါ။ Deactivate လုပ်လျှင် နောက်ဆက်တွဲ Facebook message email များပို့နေအုံးမည်ဖြစ်သည့်အပြင်၊ တချိန်ချိန်မှာ Login ပြန်လုပ်လိုက်ရင် Activate ပြန်ဖြစ်သွားပါတယ်။ ဒီနည်းကတော့ Deactivate လုပ်စရာမလိုသလို၊ အသုံးပြုနေတဲ့ Account ထဲက မည်သည့် Data ကိုမျှ သီးခြားဖျက်စရာမလိုပဲ၊ Account တစ်ခုလုံးကို တိုက်ရိုက် Permanetly , Officially ဖျက်တဲ့နည်းပါ။
တစ်ခုသတိထားရမှာက ဖျက်ပြီးလို့ ၂ ပါတ် ( 14days ) အတွင်း လုံးဝ Login ပြန်မလုပ်မိပါစေနဲ့။ 14 ရက်အတွင်း login ပြန်လုပ်လျှင် ပြန်လည် Activate ဖြစ်သွားမည်ဖြစ်ပြီး၊ 14 ရက်အတွင်း လုံးဝ Login ပြန်မလုပ်လျှင် သင့် Facebook Account မှာ ရှိသမျှ Info, Photo စတဲ့ Data အားလုံးအပါအဝင် Account တစ်ခုလုံးကို Permanetly ဖျက်သွားပါလိမ့်မယ်။ Facebook မှ Email များလည်း မည်သည့်အခါမှ လာတော့မှာမဟုတ်သလို၊ နောက်တစ်ကြိမ် သင်ဖျက်လိုက်တဲ့ Account နဲ့လည်း Login လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။
သင်၏ Facebook Account ကို Permanetly ဖျက်ရန် ပထမဆုံး သင်ဖျက်လိုတဲ့ Account နဲ့ Facebook မှာ Login လုပ်ပါ။ ပြီးလျှင် အောက်မှာပေးထားတဲ့ Click This Link To Delete Your Facebook Account Permanetly ဆိုတဲ့ Link မှာ Click နှိပ်လိုက်ပါ။ (အောက်တွင်ပြထားသော Link ကို Click မနှိပ်မှီ၊ အခြား Window မှာ သင်ဖျက်လိုတဲ့ Facebook Account နဲ့ Facebook မှာ Login လုပ်ထားရပါမယ်။)
>>>Click This Link To Delete Your Facebook Account Permanetly<<<
အထက်ပါ Link ကို Click နှိပ်လိုက်လျှင် အောက်တွင်ပြထားသကဲ့သို့ Facebook Window တက်လာပါလိမ့်မည်။ (ပုံများပေါ်တွင် Click နှိပ်၍ မူရင်းပုံများကို ကြည့်ပါ။) Submit Button ကို Click နှိပ်ပေးပါ။
ထို့နောက် Security Check Window ထပ်တပ်လာလျှင် ယခုဖျက်နေသည့် Facebook Account Password ကိုရိုက်ထည့်ပြီး၊ Security Check ကွပ်လပ်မှာ စာများကို မှန်အောင်ရိုက်ထည့်၍ OKAY ကိုနှိပ်ပါ။
နောက် 14 ရက်အတွင်း Login ပြန်လုပ်လျှင် Reactivate ပြန်ဖြစ်မည့်အကြောင်းပြောသည့် Window တက်လာပါလိမ့်မည်။ OKAY ကို Click နှိပ်ပါ။
ပြီးလျှင် Login to Continue ဟူ၍ ထပ်ပေါ်လာပါလိမ့်မည်။ Login ထပ်လုပ်စရာမလိုတော့ပါ။ သင်အသုံးပြုနေသည့် လက်ရှိ Window Tab ကိုပိတ်လိုက်ပါ။ နောက် 14 ရက်အတွင်း သင့် Account နှင့် Login ပြန်မလုပ်လျှင် သင့် Facebook မှာရှိသမျှ Data များရော၊ Account တစ်ခုလုံးကိုပါ အပြီးအပိုင် Permanetly ပျက်သွားပါလိမ့်မည်။ 14 ရက်အတွင်း ပြန်လည် Activate ပြုလုပ်လိုလျှင်တော့ အထက်တွင်ရေးခဲ့သည့်အတိုင်း Login ပြန်လုပ်ပေးလိုက်ရုံပါ။ 14 ရက်ပြီးသည့်နောက် Facebook ကိုပြန်လည် အသုံးပြုလိုပါက ပြန်လည် Register ပြုလုပ်ရမည်ဖြစ်ပါသည်။
............................................................................................
No comments:
Post a Comment