Pages

Sunday, September 12, 2010

GTalk ဖွင့်ထားပြီး Idle ဖြစ်နေတယ်လို့ ညာရအောင် (gAlwaysIdle)

http://www.galwaysidle.com/ တဲ့။
….




gAlwaysIdle ကို Install မလုပ်ရသေးခင်

အဲဒီ web site ကနေ 119 kb ပဲရှိတဲ့ ဆောဖ်ဝဲလေး တစ်ခုကို Download ဆွဲချရတယ်၊ ပြီးရင် Install လုပ်၊ လွယ်မှ လွယ်။ Install
လုပ်ပြီးတာနဲ့ Task bar ပေါ်က GTalk Icon ကို ညာဘက်ကလစ် နှိပ်လိုက်ရင်
Always Idle, Normal Idle, Never Idle ဆိုပြီး ပေါ်လာပါပြီ။ Always Idle ကို
ရွေးလိုက်ရင် ကိုယ်ရဲ့ GTalk Account ဟာ အမြဲတမ်း Idle ဖြစ်ကရော။
သူများတွေကတော့ အဟုတ်မှတ်နေမှာပေါ့။ ကွန်ပျူတာရှေ့မှာ မရှိဘူးလို့။ ကဲ
တခြားသူတွေကို အရူးလုပ်ဖို့နဲ့ ကိုယ်တိုင် အရူးလုပ်မခံရဖို့
အိုင်တီမောင်မောင်ကတော့ ကိုယ့် ပရိသတ်အတွက် ဖွင့်ချလိုက်ပြီနော်၊
သုံးတာမသုံးတာကတော့ သဘောတော် အတိုင်းပိုင်းပေါ့။



gAlwaysIdle ကို Install လုပ်ပြီးချိန်

gAlwaysIdle ရဲ့ Always Idle ကို ဖွင့်ထားရင် GTalk ရဲ့ မူလပါတဲ့ Check Mail Now Function ကို သုံးလို့ မရတော့ဘူး။ Normal Idle ကို
ပြန်ပြောင်းလိုက်မှ သုံးလို့ရလိမ့်မယ်။ နောက်ပြီး Kaspersky လို Antivirus
Software တွေကို Install လုပ်ထားခဲ့ရင် gAlwaysIdle Install လုပ်ပြီးစမှာ
သူက Window ရဲ့ Registery ကို သွားပြင်တာမို့ Antivirus Software က
ခွင့်ပြုချက် တောင်းပါလိမ့်မယ်။ ခွင့်ပြုလိုက်ပေါ့။ ဒါပါပဲ။ gAlwaysIdle ဟာ
စမ်းသပ်ဆဲပါတဲ့။ နောက်ထပ်ထွက်မယ့် Version တွေမှာ ဘာတွေများ
ထပ်တိုးလာမယ်တော့ မသိပါဘူး။ အခု Version ကို Window XP နဲ့
Vista OS version တွေမှာ အလွယ်တကူ Install လုပ်လို့ ရပါတယ်တဲ့။ ကဲ…
ဒီလောက်ဆိုရင် ဒီတစ်ပါတ်တော့ ပျော်စရာလေးနဲ့ သူများကို စ’ ရအောင်လို့
ပြောရင်း …..။


ဒီနေရာကနေ Download လုပ်ပါ။ http://galwaysidle.com/gAlwaysIdleSetup.exe

No comments:

Post a Comment