Pages

Friday, February 12, 2010

ချစ်သော သမီးငယ်.........သို့


မေမေ့ရင်ငွေ့၊ဝမ်းကြာမွေ့၌
တိုးဝှေ့မှေးစက်၊နိုးတစ်ဝက်တွင်
အိပ်မက်လေလား၊ဝိုးတစ်ဝါးနှင့်
လှုပ်ရှားနိုးထ၊လူ့ဘဝကို
စတင်ခဲ့သည့်သမီးငယ်။

ဘဝခရီး၊လှိုင်းကြီးလေထန်
ဖန်ဖန်ဆီးတား၊ခက်ခဲများနှင့်
လမ်းမှားကွေ့ကောက်၊ယွင်းဖေါက်နှောင့်ယှက်
အဖျက်အဆီး၊ရှေ့မှာဆီးစေ
မီးလျှံမီးစွယ်၊ရှေ့၌ကွယ်စေ
အန်တုဖက်ပြိုင်၊သင်ရင်ဆိုင်ယင်း
အနိုင်ယူပေါ့ သမီးငယ်။

လူ့ဘဝလမ်း၊ဆူးများပြွမ်း၍
ပင်ပန်းနွမ်းလျ၊စိတ်ဓါတ်ကျလျှင်....
"အလှမြင်လျက်၊ယူရန်ခက်သို့"
"ပန်းကိုမြင်လျှက်၊ချူရန်ခက်သို့"
"လမ်းမြင်ပါလျှက်၊အလျှောက်ခက်လိမ့်"
တိုးတက်မှု့ကင်း၊အမှောင်တွင်းသို့
သက်ဆင်းခဲ့မည်သမီးငယ်။

လူ့ဘဝလမ်း၊ပန်းများလွှမ်းဟု
ချမ်းမြေ့ဖွယ်ရာ၊ကျယ်ဝန်းစွာသော
တိုက်တာအိမ်အိုး၊စည်းစိမ်မျိုး၌
ကိုယ်ကျိုးသာမင်၊လောဘဝင်လျက်
ရွှင်လန်းမေ့မူး၊အပျော်ကြူးသည့်
ရူးမိုက်ညစ်နွမ်း၊အမှောင်လမ်းကို
ရှောင်လှမ်းခဲ့ပါ သမီးငယ်။

ဘယ်သူမပြု မိမိမှု..........တည့်
ရှေးရှုရည်မှန်း၊ဘဝလမ်းကို
ရှောင်လှမ်းပိုင်ပိုင်၊သင်ရင်ဆိုင်၍
ခိုင်မာသည့်"ဇွဲ"၊ခိုင်မြဲသော"မာန်"
မှန်သော"အသိ"၊အစဉ်ရှိလျက်
သတ္တိယှဉ်ဖက်၊လုံ့လစွက်ရင်း
ရှေ့ဆက်ဦးတော့ သမီးငယ်။


ချစ်သော သမီးငယ်လေး တို့ရဲ့ "နေဝင်းထွန်း{ငါးမည်ရ}"
ချစ်သော သမီးငယ်လေးရွှင်လန်းချမ်းမြေ့ကြပါစေ..........

No comments:

Post a Comment