Pages

Thursday, February 18, 2010

ခိုးယူထားသောကဗျာ

ရေးသူ...အမည်မသိ

ချစ်သူရေ...

အလွမ်းလေးတစ်ခု ရှင်းတမ်းဖွင့်မယ်နော်..

အလွမ်းဆိုတာ ကျန်သူနဲ့ ချန်သူ..

ဘယ်သူက နိုင်အောင်းရှင်းပြမှာလဲ..

မငြူမစူ ကြည်ဖြူရာတွေးပြီး

နင်ပေးခဲ့ တဲ့ ရွေးချယ်ခွင့်လေး..

လက်တွေ့ ကျကျ ငါမလုပ်နိုင်ခဲ့ လို့ ..

နင်ချန်ခဲ့ တယ်ဆိုရင်တော့..

ချန်သူ နင့် ကိုမငြူစူပဲ

ရင်ထဲချစ်ခြင်း အပြစ်ကင်းလို့ 

ကျန်သူ ငါက ပုံသွင်းထုဆစ်ကဗျာတစ်ပုဒ်နဲ့ 

အရှုံးနဲ့ လောင်းကြေးထပ်ပြီး

လဲကျသွားမဲ့ ငါ့နှလုံးသားကို

အပြုးံနဲ့ သက်သေထူကာ

အမုန်းကို ခ၀ါချလိုက်မယ်.....

ငါရင်မှာ မျှော်လင့်ချက်တွေ..

အတုံးအရုံးလဲစေအုံးတော့

အချစ်ကံခေ လို့ အလွမ်းတွေနဲ့ 

ကျန်သူ ငါပဲ ဝေနေတော့မယ်..............

19.2.2010

No comments:

Post a Comment