Pages

Thursday, February 11, 2010

အကိုနက်လူမုန်း............သို့

မိုးမြင့်ကိုဆန်
ပျံချင်တဲ့ငှက်ကလေး။
အတောင်အလက်စုံတော့
နှောင်ခက်ရုံ သိုက်မြုံတွင်းဆီက
အားတင်းကာ ပျံဖို့ခဲတယ်
ရဲဝံ့ လှသေး။

မိုးမြင့်ကိုခင်
မြင့်ချင်တဲ့ဘ၀လမ်း။
အချစ်မပျက်ပါဘု
နှစ်သက်ရာတေးတပုဒ်နှင့်
ကြွေးလိုက်မယ်မှန်။

မိုးမြင့်ကိုမျှော်
တိမ်ပေါ်ကိုပျံဝဲ။
ငြူမတိမ်းပေမဲ့
သူစိမ်းမြင် တောင်ပံခတ်
ပျံတတ်တဲ့ဇွဲ
ပြစ်မဆို အချစ်ပိုလျှက်ပါပဲ
ငှက်ကလေးရဲ့ တေးသံချွေ။

မြေအပြင် ဝေဟင်နှံ့အောင်
ခြေဆန့်ပါလေ။

အမိမြေ
ညီပေတဲ့အကြောင်း
သူ့ဝန်းကျင် သူ့အလှရယ်နှင့်
ကိုယ့်ဝန်းကျင် ကိုယ့်အလှကိုဖြင့်
မျှတအောင်ဆင်ခြင်လို့
ပြစ်မမြင်ချစ်ခင်တိုးအောင်
ကြိုးသင့်ပါကြောင်း။

အချိန်တန်
အိမ်ပြန်မယ့် ငှက်ကလေး
ကိုယ့်ရပ် ကိုယ့်အိမ်နဲ့
ကိုယ့်ဂုဏ်သိမ် အခြေမြင့်အောင်
မြင့်ခဲ့ပါ့လေး။

ညီလေး.......
နေဝင်းထွန်း{ငါးမည်ရ}
ခေတ္တ.....မလေးရှား

No comments:

Post a Comment