Pages

Thursday, February 25, 2010

မဘဝရဲ့အလင်းရောင်လေး

မောင်.......
မဘဝရဲ့အလင်းရောင်လေး
မောင့် မျက်နှာလေးငေးကြည့်ရချိန်
တိမ်ကင်းတဲ့လမင်းလို
မ ရင်မှာဝင်းပ
အရမ်းပျော်ရတယ်........မောင် ။

ညသန်းခေါင်မှာ
မောင့်မျက်နှာလေးကိုတမ်းတ
လွမ်းရတဲ့ညတွေနဲ့
မောင့် ဘဝသာယာစေဖို့
ဆုမွန်ချွေရတာလဲ
အခါခါပါပဲ.........မောင် ရယ် ။

အတောင်ပံသာရှိရင်လေ
မောင် ရှိတဲ့ဂျပန်မြေကို
အမြန်ပျံသန်းလို့
မောပန်းလို့ရင်ကွဲလဲ
မ...အားခဲလို့လာခဲ့မှာပါ ။

ခုတော့.........မောင်ရယ်
ဘယ်ဆီဘယ်ဝယ်မှန်းမသိ
မောင့်မျက်နှာလေးငေးကြည့်နေ၇ုံကလွဲလို့
မ၇င်ထဲမှာ
အလွမ်းတွေသာနေ၇ာယူခဲ့
တွေ့၇မဲ့ ၇က်ကိုမျှော်
မနက်ပေါ်လာမလား
စောင့်စားစားရတဲ့ မ ဖြစ်အင်
မောင်မြင်စေချင်လိုက်တာ ။

လွမ်းလှပြီ.......မောင်ရာ
မောင်လာပါတော့
ဘီယာတွေလဲလျှော့သောက်နော်
မတစ်ယာက်ကိုပဲ ချစ်ရမယ်
အသစ်တွေနဲ့ပျော်နေမလား
ဘာစားစား..........
ဘယ်သွားသွား.....
မောင့် အနားမှာ
မ လိပ်ပြာလေးရှိတယ်ဆိုတာ
"မောင်" ယုံပါနော်.........။

မောင်{သို့}..........အတွက်
"မ"

No comments:

Post a Comment