Pages

Thursday, February 11, 2010

နှလုံးသားစားသူတွေကြားမှာ

နှလုံးသားစားသူတွေကြားမှာ.........



ကျွန်တော့်ရဲ့ကလေးဘဝကို
အငိုတိတ်အောင်ချော့သိပ်ခဲ့တ

မိတ္ထီလာကန်တော်အောက်က
ဖားကောက်ခဲ့ပါ ၊
ဖားပါရင်တစ်ကောင်ပေး
အေး...အေး...အို...အေး သီချင်းနဲ့
လည်ပင်းရှည်ကိရွှေဗျိုင်း
ညွှတ်တွေကဝိုင်း ၊
ညွှတ်ဝိုင်းတဲ့ကိုဗျိုင်းဖြူ
ကယ်သူကွဲ့ရှိဘူး...သီချင်းပါ ။
တစ်ကယ်ပဲ....
ကျွန်တော့်အတွက်
မိတ္ထီလာကန်ပက်လက်က
ဖားဟင်နဲ့ချက်ကျွေးခဲ့သလား ။
ကျွန်တော့်ရှေ့မှာ
လည်ပင်းရှည်ကိုရွှေဗျိုင်း
ညွှတ်တွေဝိုင်းခဲ့သလား ။
ကျွန်တော်ပျော်ရွှင်အောင်
အမေဘယ်လိုသရုပ်ဆောင်ပြခဲ့သလဲ ၊
ယ္ခု.........
ပူမှု့ရယ်တဲ့ကုဋေကုဋာ
အမေ့ရင်နဲ့ရွာကိုခွါခဲ့
မာယာများနဲ့
နှလုံးသားစားသူတွေကြားမှာ
အမေ့သားငိုနေတာမြင်ရင်
ဟိုအရင်လို
အို...အေ...အင် နဲ့ချော့ဦးမှာလား ။
ကျွန်တော်ဟာ....
မိုက်မဲတဲ့ခွေးလေးတစ်ကောင်ပ
စိတ်ကူးရှိရာခရီးဆန့်ခဲ့
အမြီးတနံ့နံ့နဲ့ပေါ့
လျှောက်ခဲ့ရာခရီးကြမ်း
ဘဝအတွက်...ဘာပန်းမှမပွင့်ခဲ့ဘူး ။
ဟူး.......လို့
သက်ပြင်တွေချမိချိန်ကြမှ
အမေ့ရဲ့ရင်ခွင်က
အေးမြမှန်းသိခဲ့ရ
ခုချိန်မှာ......
ပြီးခဲ့တာတွေ ပြီးခဲ့ပေမဲ့
အမေ့ရဲ့ခေါ်သံတွေ
ဟိုအဝေးမှာကျန်ခဲ့
အလွမ်းများနဲ့
ပြန်မျှားယူနေရပြီ.....အမေ ။
ကျေးဇူးရှင် မွေးမိခင်သို့
နေဝင်းထွန်း{ငါးမည်ရ}
ခေတ္တ{မလေး}

No comments:

Post a Comment