Pages

Thursday, February 11, 2010

သူသိပါစေ...




သူတပါးပြောစကား
မယုံကြည်စေချင်တာလဲ
သူသိပါစေ...

ပြသာနာဖြစ်တိုင်း
ကြိတ်မှိတ်ခံစားမျက်ရည်ကျရတာလဲ
သူသိပါစေ...

ရင်မှာမျိုသိပ်
ခွင့်လွှတ်မိတာလဲ
သူသိပါစေ...

ဖုန်းကိုမျှော်လင့်
အိပ်ပျက်ခဲ့ရတာတွေလဲ
သူသိပါစေ...

ရင်မှာတမ်းတ
လွှမ်းနေမိတာလဲ
သူသိပါစေ...

ချစ်လားလို့မေးတဲ့အသံ
အမြဲကြားယောင်နေမိတာလဲ
သူသိပါစေ...

ရင်မှာအပြည့်
ချစ်နေမိတာလဲ
သူသိပါစေ....

စက္ကန့်မလပ်
အမြဲသတိရနေတာလဲ
သူသိပါစေ...

ရင်ခွင်ဟောင်းမှ
ဘယ်မှမခွါ
နေချင်တာလဲ
သူသိပါစေ.....

2 comments:

  1. အရမ်းကိုတော်တယ်ဗျာ.....
    ဒီကဗျာရေး......လိုရာဆန္ဒပြည့်ပါစေ။

    ReplyDelete
  2. ကဗျာရေးတာ အရမ်းတော်တာပဲလား...
    ပေးတဲ့ဆု နဲ့ပြည့်ပါစေ...

    ReplyDelete