Pages

Thursday, February 25, 2010

သူငယ်ချင်း နေ၀င်းထွန်း

သို့
သူငယ်ချင်း နေ၀င်းထွန်း
နေကောင်းလား? အလုပ်ရပြီဆို........ဖြူကပြောတယ်
ဝမ်းသာပါတယ်
နင်ကိုလေ အလုပ်အကိုင်ရှိပြီးရည်မှန်းချက်ရှိတဲ့လူပဲဖြစ်စေချင်တယ်
တကယ်ပြောတာပါ
အရက်သောက်။ဆေးရှုတဲ့လူတော့မဖြစ်စေချင်ဘူးနော်
စီးပွားရေးလုပ်ငန်းရှင်တယောက်အဖြစ်ပဲမြင်ချင်ပါတယ်။
အလုပ်ကညပိုင်းအလုပ်ဆို..... ဟုတ်လား
ပင်ပန်းမှာပေါ့နော်
အရင်ကလို အဲကွန်း ပဲလား?
အရက်နဲ့ဆေး မသုံးဖို့တော့ သူငယ်ချင်းတယောက်အနေနဲ့ပြောပါရစေ
ဇာအပေါ်တမျိုးမမြင်ပါနဲ့နော်
ပြသာနာတွေရှုပ်ကုန်မှာဆိုးလို့လုပ်လိုက်တာပါ
ဝဠ်မလည်ပါစေနဲ့လို့ပြောတာကိုတော့ ဇာစိတ်မကောင်းဘူးနော်
ထားပါတော့
ဖြူစင်တဲ့ သူငယ်ချင်း အဖြစ်ပဲ နေကြရအောင်နော်
ဇာဘယ်သူမှ အသဲမခွဲပါဘူး
မရညိရွယ်ပါဘူး
ဇာတောင်းပန်ပါတယ်
ဘယ်တော့မှလဲမေ့လို့ရမယ်မထင်ပါဘူး(ဒီအကြောင်း)
ဇာ အနှုးအညွတ်တောင်းပန်ပါတယ်
ဇာမှားပါတယ်
ခုအချိန်ကစပြီးတော့ အလုပ်ကိုသေချာလုပ်နော်
ဖြစ်နိုင်မယ်ဆိုရင် မလေးမှာ ဘွဲ့/ ဒီပလိုမာ တခုခု ရအောင်လုပ်ပါ့လားဟင်
NETWORKING ဆိုရင်လဲကောင်းတယ်
အဆင်ပြေတာပေါ့နော်
သူငယ်ချင်းရဲ့ ဘ၀ အတွက်ပါနော်
ခုချိန်ကစပြီး ဘ၀ ကိုရည်မှန်းချက်ရှိရှိဖြတ်သန်းပါနော်
ဘယ်သူကြောင့်မှ ဘ၀ရဲ့ရည်မှန်းချက်မပျက်စေနဲ့နော်
ွှု့ငါ့ကြောင့်အနှောက်အယှက်ဖြစ်တယ်ဆိုရင်မတွေ့တော့ဘူးနော်
အလုပ်တော့ဘယ်တော့မှအပျက်မခံနဲ့နော်
ပြောချင်တာရှိရင် (စိတ်ညစ်ရင်ဖြစ်ဖြစ်/ တိုင်ပင်ချင်တာပဲဖြစ်ဖြစ်)
မေးလ် ပို့ထားလိုက်နော်
နင်ပြောချင်ရင်ပြောတာပါ
ကျန်းမာရေးဂရုစိုက်ဦးနော်(ချောင်းဆိုးတာရောပျောက်ပြီလား)
အဆင်ပြေအောင်နေနော်
ဇာအတွက် ဘာမှမပူနဲ့နော်
ဒါပဲနော်............သူငယ်ချင်း နေ၀င်းထွန်း
ပျော်ရွင် ချမ်းမြေ့ပါစေ
ရည်မှန်းချက်ရှိပြီး ဘ၀တခုတည်ဆောက်နိုင်ပါစေ
ဇာဇာထွန်း

No comments:

Post a Comment